ချစ်ရတဲ့ သမီးလေးနဲ့ မြေးမလေးဆီအပြေး အလွှား လာရောက်ကြည့်ရှုရင်း ဝမ်းသာ ပီတိအပြုံးတွေနဲ့ ချစ်မဝဖြစ်နေတဲ့ ဦးချစ်ကောင်း
ပရိသတ်ကြီးရေ အဆိုတော်ချစ်ကောင်းဟာဆိုရင် တစ်ခေတ်တစ်ခါက ဂီတလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။
ချစ်ကောင်းဟာ သူ့ရဲ့ အနုပညာ အမွေတွေကို သမီးဖြစ်သူ အိမ့်ချစ်နဲ့သားဖြစ်သူ ဂျူနီယာချစ်ကောင်း တို့ဆီ လက်ဆင့်ကမ်းနိုင် ခဲ့တာဖြစ်ပါတယ် ။
အခုဆိုရင် သမီးဖြစ်သူအိမ့်ချစ်က သြဂုတ်လ(၆)ရက်နေ့ကသမီးလေးအမရာကို အာယုဆေးရုံကြီးမှာမွေးဖွားခဲ့တာကြောင့် ချစ်စရာမြေးမလေးကို
သွားကြည့်ရင်းချစ်မဝဖြစ်နေခဲ့ပါတယ် ။ ချစ်ကောင်းဟာဆိုရင် ဒုတိယအိမ်ထောင်နဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပြီး အခုလို
သမီးဖြစ်သူကမြေးမလေးမွေးဖွားလာတာကြောင့် ကြည်နူးပီတိတွေဖြစ်နေပါတယ်။ဦးချစ်ကောင်းနဲ့အိမ့်ချစ်တို့ရဲ့ပျော်ရွှင်နေတဲ့ မိသားစုပုံရိပ်တွေကို ကြည့်ရှုပေးပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Credit;
zawgyi
Credit;
mdatenews
mdatenews