သြဂုတ်လ ( ၇ )ရက်နေ့မှာ ထူးထူးဆန်းဆန်း မွေးနေ့တူနေကြတဲ့ ဖေဖေမြင့်မြတ်နဲ့ သားသားမြတ်သူတို့ရဲ့ မွေးနေ့ရက်လေး
မင်းသားချေ ာမြင့်မြတ်ကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ
နေရာတစ်ခုကိုရယူထားနိုင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ရုပ်ရှင် ဇာတ်ကာကြီးတွေကို
ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး
ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့
မင်းသားချောလေးမြင့်မြတ်ကတော့ လက်ရှိမှာ ဝေဖန်မှုတွေနဲ့ အနည်းငယ်ရင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်နော်.. ။ဒီကနေ့ သြဂုတ်လ (၇) ရက်နေ့ကတော့
ပရိသတ်အချစ်တော်မင်းသား မြင့်မြတ်ရဲ့ မွေးနေ့လေးဖြစ်သလို မြင့်မြတ်ရဲ့သားလေး မြတ်သူရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ် ။ မြင့်မြတ်က ဒီကနေ့မှာ
အသက် (၃၆) နှစ်ပြည့်ခဲ့တာဖြစ်သလို မွေးနေ့၊ မွေးလတူတဲ့ သားလေးမြတ်သူကတော့ (၄) နှစ်ပြည့်ခဲ့တာပဲဖြစ်ပါတယ် ။ မြင့်မြတ်နဲ့ မြတ်သူတို့ကတော့
မွေးနေ့၊ မွေးလချင်းတူတာမို့ မွေးနေ့တိုင်းမှာ မိသားစုတွေပျော်ရွှင်စွာဖြတ်သန်းလေ့ရှိတာပဲဖြစ်ပါတယ် ။
ပရိသတ်ကြီးလည်း တစ်နေ့တည်းမွေးနေ့ထပ်တူကျတဲ့ မြင့်မြတ်တို့သားအဖနှစ်ယောက်အတွက်မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးပါအုံးနော်…။
Source: Myat Wai Tun’s fb
Credit
Zawgyi
Source: Myat Wai Tun’s fb
Credit
mdatenews
mdatenews