အသားတုဟင်းပဲနေ့စဉ်စားနေရတာကနေ ဟင်းစားအနေနဲ့ မှိုလေးတွေရသွားတာကြောင့် ပျော်ရွှင်နေကြတဲ့ ဟားငါးကောင်အဖွဲ့

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေများစွာရရှိထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့ပဲဖြစ်ပါတယ်။ လူရွှင်တော်တွေအနေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟားငါးကောင်အဖွဲ့ဟာ လက်ရှိမှာ‌ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ရေးအတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။

 

 

 

တော်လှန်ရေးအတွက်စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေကြတဲ့ ဟားငါးကောင်အဖွဲ့ဟာ မကြာခင်ရက်ပိုင်းအတွင်းက လွတ်မြောက်နယ်မြေကနေ ပြည်သူပရိသတ်တွေအတွက် တတ်စွမ်းတဲ့ပညာနဲ့ အငြိမ့်ကပြဖျော်ဖြေခဲ့သေးတာလည်း ဖြစ်ပါတယ်။

 

 

 

ဒါ့ပြင်မကြာခင်ရက်ပိုင်းအတွင်းမှာလည်း “တော်လှန်ရေး သပိတ် ဟာဒယအငြိမ့်အပိုင်း(၂)” ကို ကပြဖျော်ဖြေတော့မှာဖြစ်ပြီး ပြင်ဆင်မှုတွေလည်း ပြုလုပ်နေပြီလို့သိရပါတယ်။

 

 

 

 

ဟားငါးကောင်ဟာ လွတ်မြောက်နယ်မြေမှာ စစ်ရေးအတွက်လည်း ပြင်ဆင်နေသလို တော်လှန်ရေးအငြိမ့်အတွက်လည်း အားသွန်ခွန်စိုက် ကြိုးစားနေကြတာဖြစ်ပါတယ်။ အစားအသောက်အနေအထိုင် ပင်ပန်းဆင်းရဲနေပြီး နေ့စဉ်နီးပါးအသားတုဟင်းနဲ့ပဲစားသောက်ရကာ ပင်ပင်ပန်းပန်းကြိုးစားနေကြတာဖြစ်ပါတယ်။

 

 

 

 

ဒီနေ့မှာတော့ တောထဲကမှိုလေးတွေရလာတဲ့အတွက် မှိုဟင်းပြောင်းစားရတော့မှာဖြစ်လို့ ဟားငါးကောင်အဖွဲ့သားတွေ ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

 

CRD:MMloadmdatenews

mdatenews