တစ်နေ့တစ်ခြား စကားတွေအရမ်းတတ်လွန်းလှတဲ့ သမီးလေးထရက်ရှာရဲ့ အမူအရာလေးတွေကို ဗီဒီယိုလေးရိုက်ပြီး ပြသလာတဲ့ စန္ဒီမြင့်လွင်
စန္ဒီမြင့်လွင်ကတော့ မိသားစုဘဝလေးကို တည်ထောင်ထားပြီး အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေ
လုပ်ကိုင်နေတဲ့ကြားထဲကနေ သမီးလေး ကိုလည်း သေချာ ဂရုစိုက်စောင့်ရှောက်ပေးတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း
တစ်ဦးတည်းသောသမီးလေးကို အချစ်တွေပုံပေးထားကြတာဖြစ်ပြီး ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့
တစ်ထေရာတည်းတူတာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တုန်အောင်ချစ်နေရတာပါ ။ အခုလည်း ထရက်ရှာလေးရဲ့ အရမ်းတတ်လွန်းတဲ့
ဟန်ပန် အမူအရာလေးတွေကို သဘောတွေကျကာ ဗီဒီယိုလေးနဲ့ အတူ ” ထရက်ရှာ့ပါးပါးက ရွာမှာအလုပ်လုပ်နေတယ်တဲ့?သူ့မမတွေနဲ့စကားပြောရင်းနဲ့
ထရက်ရှာတို့ရွာမှာထရက်ရှာတို့ရွာမှာလို့ ဂုဏ်ယူပီးပြောတက်သေးတာ မေမေကလဲပြောပြထားပါတယ်မေမေတို့ငယ်ငယ်တုန်းကဆို အဖွားနဲ့ အဖွားရဲ့
ရွာဦးဘုန်းကြီးကျောင်းတွေမှာလိုက်အိပ်တယ် အလှူတွေလိုက်လုပ်တယ်လို့ အရမ်းပျော်တာ?” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Photo – Sandy Myint Lwin
Zawgyi
Photo – Sandy Myint Lwin
mdatenews
mdatenews