လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ကို အထင်မကြီးဘူးဆိုတဲ့ လူရွှင်တော် စိန်သီး

လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ကို အထင်မကြီးဘူးဆိုပြီး ထုပ်ပြောလာတဲ့ လူရွှင်တော် စိန်သီး

ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ် ။

နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ် ။

သီးလေးသီး အဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သီးလေးသီးအဖွဲ့ဝင်ထဲက

လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လူရွှင်တော် စိန်သီး ဟာ

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင် လူရွှင်တော်အဖွဲ့ကို အထင်မကြီးတဲ့အကြောင်းကို ” ဟား ၅ ကောင် မင်းတို့ကို အထင်မကြီးဘူး

မင်းတို့ပြည်သူ့ဘက်ကရပ်တည်ပြီး ပရိတ်သတ် ကျွေးတဲ့ထမင်းကိုစား ကျွေး တဲ့ လက်ကိုဘာလို့ပြန်မကိုက်တတ်တာလဲ မင်း တို့ကို ငါ အထင်မကြီးဘူး …..

ဟား ၅ ကောင် … မင်းတို့ပြည်သူ့ဘက်ကရပ်တည် ဖို့ ဘာထောက် ပံ့‌ေကြးမှလဲမရ ပြည်သူ့ကိုယ်စား ပါးစပ်အငှား နဲ့ ပြောနေကြတာ မင်း တို့ကို ငါ အထင်မကြီးဘူး …..

ဟား ၅ ကောင် … မင်းတို့တွေ မိဘတွေကိုပြစ် သားမယားတွေကိုထားခဲ့ပြီး အနေဆင်းရဲ အစားဆင်းရဲ နဲ့ ပြည်သူ့အတွက် အနုပညာတွေနဲ့ တိုက်ပွဲဝင်တော့

မင်း တို့ကို ငါ အထင်မကြီးဘူး ….. ဟား ၅ ကောင် … မင်းတို့ လူရွှင်တော်ပြိုင်ပွဲကြီးတွေလုပ်ပြီး ပိုက်ဆံမယူတတ်တာ တွေ … မင်းတို့ပြည်သူတွေ

ပျော်ရွှင်ရယ်မောနိုင်အောင် ရီစရာပြက်လုံး တွေထုတ် လူရွှင်တော်တစ်ယောက်ရဲ့ ရင်ထဲကမျက်ရည်တွေကို ဘယ်သူမှ မြင်မှာမဟုတ်ဘူး ….. အဲ့ တာ ကြောင့် ………..

မင်း တို့ကို ငါ ဆို တဲ့ စိန်သီး အထင်မကြီးဘူး ….. ငါ့ ကို ငါ လဲ တစ် သီး ထဲ မို့ အထင်မကြီး ဘူး ကွာ ….ဟား ၅ ကောင် … မင်း တို့ကို ငါ အထင်မကြီးဘူး ………..” လို့

စိန်သီး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ လူရွှင်တော် စိန်သီး ရေးသားထားတဲ့ စာသားလေးကို ဟားငါးကောင်အဖွဲ့နဲ့အတူ

ဟားငါးကောင် လူရွှင်တော်တွေကလဲ သဘောကျနေကြပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင်နဲ့ လူရွှင်တော် စိန်သီးတို့ ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Crdmdatenews

mdatenews