ဒေါင်းယာဉ်ပျံ ဇာတ်လမ်းထဲက “ငြိမ်းလှ” ကိုမုန်းကြမယ်လို့ထင်ထားပေမယ့် မထင်မှတ်လောက်အောင်ချစ်ပေးကြတဲ့ ပရိတ်သတ်တွေကြောင့် ပီတိဖြစ်နေရတဲ့ ဖြိုးအိန္ဒြာမင်း
ပရိတ်သတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ဖြိုးအိန္ဒြာမင်းကတော့ MRTV 4 ရုပ်သံလိုင်းကပြသတဲ့” ရွှေဖူးစာဆုံရာမြေ “ဇာတ်လမ်းတွဲမှာဆိုရင်လည်း ပိုပိုချစ်ဆိုတဲ့ကာရိုက်တာလေးနဲ့ပရိတ်သတ်အားပေးမှုရရှိခဲ့တာလည်း ဖြစ်ပါတယ်နော် ။
ဖြိုးအိန္ဒြာမင်းကတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ ငြိမ်းလှဆိုတဲ့ ကာရိုက်တာနေရာကနေ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကိုထပ်မံရရှိခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။
“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကတော့ သရုပ်ဆောင်တစ်ယောက်ချင်းစီကို မှတ်မိနေပြီး အားပေးနေကြဆဲဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း ဖြိုးအိန္ဒြာမင်းက အပြင်ကိုသွားခိုက် သူမကိုမှတ်မိပြီး အားပေးကြတဲ့ ပရိသတ်တွေနဲ့ အမှတ်တရပုံလေးကိုတင်ကာ “ငြိမ်းလှကိုမမုန်းပဲ ချစ်ကြတော့လဲပီတိဖြစ်ရပါတယ် ❣️” ဆိုပြီး ပြောလာပါတယ်။
ဖြိုးအိန္ဒြာမင်းဟာဆိုရင် “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာအိစိကွေနဲ့တွဲဖက်ပြီး ဗီလိန်ကာရိုက်တာနေရာကနေ
သရုပ်ဆောင်ခဲ့ရတယ်ဆိုပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကို ဒီနေ့ဒီအချိန်ထိရရှိနေဆဲဖြစ်ပါတယ်။ဖြိုးအိန္ဒြာမင်းတစ်ယောက် ရှေ့ဆက်ရမယ့်အနုပညာလမ်းခရီးမှာဒီထက်မကအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Phyo Eaindra Min’s fb
Credit
Zawgyi
Credit
mdatenews
mdatenews