သရုပ်ဆောင်ဖွေးဖွေးကတော့အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ထပ်ဆင့်အကယ်ဒမီမင်းသမီးချောပဲဖြစ်ပါတယ်။
ဖွေးဖွေးကသရုပ်ဆောင်ကောင်းရုံတင်မကပဲအသံပါဝါအမိုက်စားနဲ ့တေးသီချင်းကောင်းများကိုလဲတီဆိုထားပါသေးတယ်နော်။ဖွေးဖွေးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ပြီး
လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင် းရာကိုတိမ်းရှောင်နေရပါတယ်။
တိမ်းရှောင်နေစဉ်မှာလဲအဖွားဖြစ်သူနဲ့အဖေဖြစ်သူကိုဆုံးရှုံးလိုက်ရပါတယ်နော်။သရုပ်ဆောင်ဖွေးဖွေးကတိမ်းရှောင်နေစဉ်မှာ ကိုဗစ်ရောဂါခံစားနေရကြောင်းကိုဝမ်းနည်းစွာသူမရဲ့FacebookStoryမှာရေးသားဖော်ပြထားပါတယ်၊
သရုပ်ဆောင်ဖွေးဖွေးလဲဒီရောဂါကပ်ဆိုးကြီးကနေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်နော်။
Credit:Celebrity Platformmdatenews
mdatenews