မိသားစုဝင်လို့ကို မသတ်မှတ်ထားတဲ့အစ်ကိုကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရကြောင်း ပရိတ်သတ်ကို ရင်ဖွင့်လာတဲ့ မေပန်းချီ
ပရိတ်သတ်ကြီးရေရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဆိုတာ ပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုဝန်းရံမှုတွေကိုရရှိထားတဲ့
မင်းသမီးတစ်လက်ပါပဲနော်…
။အမိုက်စားခန္တာကိုယ် ကောက်ကြောင်းအလှတွေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံလေးပေါက်တဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့
သူမဟာ နာမည်ကြီး မင်းသမီးတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်နော်။ဒါ့အပြင် လူကြီးမိဘတွေအပေါ်မှာ အရမ်းကို ရိုသေ ကိုင်းရှိုင်းတဲ့ သူတစ်ယောက်ပါနော်။
ဒီကနေ့မှာတော့ မေပန်းချီက သူမရဲ့အိမ်တွင်းရေးအပူတချို့ကို ပရိသတ်တွေဆီ ရင်ဖွင့်လာပါတယ်။ မေပန်းချီက “မိသားစုထဲမှာတစ်ယောက်တော့
စုန်းပြူးပါတယ်နော် ။
စုန်းပြူးမပါတဲ့မိသားစုကျတော့လဲကံကောင်းတာပေါ့လေ ?? မိသားစုဒုက္ခပေးတဲ့သူတွေဆိုကြည့်လ်ုက်အသက်အရမ်းရှည်ကျတယ်”ဆိုပြီး
ဖေ့စ်ဘုတ်မှာတင်ခဲ့တာကြောင့် ပရိသတ်တွေက သူမရဲ့ညီမလေးကိုပြောတယ်အထင်နဲ့မေးမြန်းကြည့်ရာ မေပန်းချီက “ညီမလေး မဟုတ်ပါဘူးရှင့် ။
အစ်ကိုရှိပါတယ် ဒါမဲ့ဆိုးလို့ မောင်နှမလို့ မသတ်မှတ်ထားတာပါ ။ အိမ်ကညီမလေးကလိမ်မာလွန်းလို့” ဆိုပြီး ပြန်ေဖြေခဲ့ပါတယ် ။ မေပန်းချီကတော့
မိခင်မရှိတော့တဲ့အပြင် အဖေကလည်း အဝေးမှာနေပြီး အစ်ကိုကလည်း အရမ်းကိုဆိုးသွမ်းလွန်းတာကြောင့် စိတ်ဆင်းရဲရတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။
မေပန်းချီ့လိုပဲဘဝတူတဲ့သူတွေရှိကြတဲ့ဆိုရင်လည်း အားလုံးအဆင်ပြေချောမွေ့ပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…။
Source: May Panche ‘s fb
Credit
Zawgyi
Source: May Panche ‘s fb
Credit
mdatenews
mdatenews