သားသမီးမကောင်းမှူ့ကြောင့် လစဉ်ထောက်ပံ့နေပေးနေတဲ့ အဖွားနဲ့ပက်သက်ပြီး စိတ်မကောင်းစရာအဖြစ်ကို ပြောပြလာတဲ့ မိုးစက်

သားသမီးမကောင်းမှူ့ကြောင့် လစဉ်ထောက်ပံ့နေပေးနေတဲ့ အဖွားနဲ့ပက်သက်ပြီး စိတ်မကောင်းစရာအဖြစ်ကို ပြောပြလာတဲ့ မိုးစက်

မင်္ဂလာပါပရိသတ်ကြီးရေ မိုးစက်ကတော့အမြဲသက်ကြီးရွယ်အိုတွေကိုပဲဦးစားပေးလှူဒါန်းတတ်တဲ့သူပဲ ဖြစ်ပါတယ်။ လတ်တလောသူလှူဒါန်းထောက်ပံ့မှုနဲ့

ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုဝေမျှလာခဲ့တာပါ။ “ အသက် (၉၀) ကျော် အဖွားကို ထောက်ပံ့ဖြစ်ရင်းနဲ့ သူနဲ့ အတူနေတဲ့ (၅၀) ကျော်အရွယ် သမီးဖြစ်သူရှိတာကို

သိလိုက်ရတယ်။ သမီးဖြစ်သူက ခြေထောက်မကောင်းလို့ လမ်းမလျှောက်နိုင်တာ လ တော်တော်ကြာပြီတဲ့။တကယ်လဲ အရမ်းကြီးတော့ မလျှောက်နိုင်ပေမယ့်အိပ်ယာထဲ

လဲနေသူတော့ မဟုတ်ပါဘူး။ ဒီလိုနဲ့ နေပူမရှောင် ၊မိုးရွာမရှောင် ဈေးထွက်ရောင်းနေရတဲ့ အဖွားကို ၊ ပူးပေါင်းပါဝင်သူများကြောင့် တစ်လကို တစ်သိန်းကျပ် (၁၁) လတိတိ

ထောက်ပံ့ဖို့ အစီအစဉ် ဆွဲလာခဲ့တယ်။ အိမ်လခ အတွက် စာချုပ်ပေးပြီးတဲ့ အပြင်တစ်လ တစ်သိန်းနဲ့ (၁၁) လ ချုပ်ပေးဖို့ စီစဉ်ထားတော့ အဖွားသက်သာပြီလို့ တွေးထားမိတာပေါ့။

ဒါပေမယ့် ထင်မထားတာတွေ ဖြစ်လာခဲ့ပါတယ်…အဖွားက အမြဲတမ်း ဈေးထွက်ရောင်းနေရပြီးငွေကို အမြဲရှာနေရတယ်။ အဓိက ငွေယိုစိမ့်မှူဟာ…အိမ်ထဲမှာ ဘာမှမ

လုပ်ဘဲ လောင်းကစား (၂လုံး၊၃လုံး) ဆော့ ၊ ဈေးတစ်ရက်မထွက်ရင်လဲပူညံ ပူညံလုပ်နေတဲ့ သမီးဖြစ်သူကြောင့်ပါဘဲ။ အဖွား ဈေးမထွက်ရင်လဲ ဈေးမ ထွက်လို့အပြစ်တွေပြောနေရှာတာပေါ့။

အစက မယုံကြည်ပေမယ့် ကျွန်တော်သူတို့အိမ်ရှေ့ရောက်နေချိန်မှာ ကြားလိုက်ရတဲ့အတွက် အဖွားအတွက် စိတ်မ ကောင်းဖြစ်ခဲ့ရတာပေါ့ဗျာ။ သူနှစ်လုံးဆော့ဖို့

ကုန်သွားတဲ့အချိန်ဆိုကျွန်တော် လစဉ်ထောက်ပံ့မယ်ပြောထားတဲ့ ငွေကိုလဲ မကြာခဏဆိုသလို ဖုန်းတွေဆက် ခိုင်းပြီးလှမ်းလှမ်းတောင်းနေတော့တာပါဘဲ။

အဓိကတော့ အလှူငွေကို ကျွန်တော့်ဆီမှာအကြွေးတောင်းသလို တောင်းချင်နေတာပါ။ လစဉ်ပြောချင်တဲ့စကား တွေ မြိုသိပ်ပြီး အဖွားအတွက် တစ်လချင်းပုံမှန်ပေးနေပေမယ့်

ဒီနေ့တော့စိတ်ထဲလုံးဝမကောင်းတာကြောင့် ကျန်ရှိနေတဲ့ (၅)လ ကျန်ငွေ (၅) သိန်းကျပ် ကိုအိမ်ရှင်နဲ့ အိမ်နီးနားချင်းများရှေ့မှာ ပေးခဲ့ပါတယ်။ အဖွားကတော့ ဒီနေ့လို

မိုးအုံ့အုံ့လေးမှာတောင်ဈေးရောင်းဖို့ အပြင်ထွက်ရသတဲ့…စိတ်မကောင်းဖြစ်ရ ရုံကလွဲလို့ ပြောစရာစကားမရှိတော့ပါဘူး။ အဲ့ဒီတော့ တွေးထားတာတစ်ခုဘဲအဖွားအပြင်ကို

ဈေးရောင်းထွက်ရင် စားချင်တာ ကျွေးလိုက်မယ် ၊သုံးချင်တာ ပေးလိုက်မယ်။ အဖွားတစ်ယောက် ဒီဘဝသက်တမ်းကုန်လို့နောက်ဘဝတွေများ ရောက်ခဲ့ရင်ဆင်းရဲဒုက္ခကင်းဝေးပြီး ၊

သားကောင်းသမီးကောင်းများသာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ? ” ဆိုကာ အဖြစ်အပျက်ကို ပြောပြခဲ့တာပါ

ပရိသတ်ကြီးရေ။စာဖတ်ပရိတ်သတ်ကြီးလည်း သာယာချမ်းမြေ့ တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်..။

Source- MoeSatmdatenews

mdatenews