Media Update News

News Media Website

Cele

သူမရဲ့လက်ရှိစိတ်အခြေအနေကြောင့် မေတ္တာထားပြီး ပေးပို့လာတဲ့ စာလေးတွေကိုတောင် ဖွင့်မဖတ်နိုင်သေးကြောင်းပြောပြလာတဲ့ ဖွေးဖွေး

ပရိတ်သတ်ကြီးရေ….၁၉.၈.၂၀၂၁ ရက်နေ့ ညတွင် ဖွေးဖွေးရဲ့ ဖခင်ဟာ ကိုဗစ်ရောဂါဖြင့် ပန်းလှိုင်ဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ဘေးကင်းရာသို့ တိမ်းရှောင်နေရတဲ့အတွက် ဖခင်ကွယ်လွန်ချိန်မှ

 

 

အနားမှာမရှိပေးနိုင်တာကြောင့် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတာ ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ ဖခင်ကိုတော့ မနေ့က နေ့လည်တွင်ထိန်ပင်သုသာန်တွင် ကျန်ရစ်သူမိသားစုများမှ မီးသဂြိုလ်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

 

 

ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ ဆုံးရှုံးမှုအတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖွေးဖွေးရဲ့ လူမှုကွန်ယက်တွင် ဖခင်ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို အခုထိလက်ခံလို့မရသေးကြောင်း

 

 

ဝမ်းနည်းစွာဖြင့် ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ သူမကို မေတ္တာထားပြီး စာတွေပို့ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ စာတွေကို ဖွင့်ဖတ်လို့ အသင့်မဖြစ်သေးတဲ့အတွက် နားလည်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

 

 

ဒီအခြေအနေကြီး အခုလို ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်မိတဲ့အတွက် ကြိုတင်မပြင်ဆင်နိုင်ခဲ့တာကိုလည်းဝမ်းနည်းစွာ ရေးသားထားတာ ဖြစ်ပါတယ်။ ဖခင်ရဲ့အကြောင်းကို လက်ခံနိုင်ဖို့ အချိန်တစ်ခု လိုအပ်သေးတယ်လို့လည်း ဖွေးဖွေးမှ ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးတစ်ယောက် ခံစားနေရတဲ့ သောကတွေ အမြန်ကင်းဝေးပြီး ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

 

 

Credit ; MMLoadmdatenews

mdatenews