အမှိုက်ကန်မှာ လာရောက်စွန့်ပစ်ထားခဲ့တဲ့ (၂)လအရွယ်သမီး လေးကို ဂေဟာ မှာခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ ဒီနေ့သြဂုတ်လ (၂၁)ရက်နေ့မှာ သူ့ရဲ့ဂေဟာမှာ မွေးစားစောင့်ရှောက်ပေးဖို့ သမီးလေးတစ်ယောက်ကို ထပ်မံမွေးစားလိုက်ပြန်ပါတယ်။
ခိုင်နှင်းဝေကတော့ မိဘမဲ့ ခိုးကိုးရာမဲ့ ရင်သွေးလေးတွေကို သားသမီးအရင်းပမာပြုစုစောင့်ရှောက်နေခဲ့တာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။အခုတစ်ခေါက် ခိုင်နှင်းဝေ ဂေဟာမှာ ခေါ်ယူမွေးစားခဲ့ရတဲ့ သမီးလေးကတော့ ခန့်မှန်းခြေ (၂)လသားအရွယ်လောက်ရှိနေပြီဖြစ်ပြီး
မနေ့က သြဂုတ်လ (၂၀)ရက်နေ့ညက သန်လျင် ထမလုံဘက်က အမှိုက်ခံမှာ စွန့်ပစ်ထားခံခဲ့ရတာဖြစ်ပြီး နီးစပ်ရာကလူကြီးတွေက ဆက်သွယ်လာခဲ့တာကြောင့် အမှန်တကယ်စွန့်ပစ်ခံရတဲ့ ကလေးဖြစ်တဲ့ အတွက် ခိုင်နှင်းဝေက ခေါ်ယူစောင့်ရှောက်လိုက်တာပါတဲ့။
ခိုင်နှင်းဝေကတော့ ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ပရိသတ်ကြီးရေ အခုလို သွေးမတော်သားမစပ် ကလေးငယ်တွေများစွာကို ကိုယ့်ရဲ့ရင်ကပေါက်ဖွားတဲ့ သားသမီးအရင်းပမာ စောင့်ရှောက်ပေးတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကတော့ တကယ်ကိုမှ ချီးကျူးထိုက်ပေးတဲ့ စိတ်ထားလေးပါပဲနော်။
CRD: Cele Zonemdatenews
mdatenews