သူမတို့သားအဖအပေါ် ရက်စက်လွန်းတဲ့မေမေထက်ထက်မိုးဦးရဲ့လုပ်ရပ်တွေကိုချက်ကျလက်ပြောပြလာခဲ့တဲ့ စစ်လွန်းဝတီထက်

သူမတို့သားအဖအပေါ် ရက်စက်လွန်းတဲ့မေမေထက်ထက်မိုးဦးရဲ့လုပ်ရပ်တွေကိုချက်ကျလက်ပြောပြလာခဲ့တဲ့ စစ်လွန်းဝတီထက်

ပရိသတ်ကြီးရေ သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့ သမီးချောလေးစစ်လွန်းဝတီထက် ကတော့မိခင်နဲ့ဝေးရာမှာ နေထိုင်နေပြီးဖခင်ဖြစ်သူရဲ့ဆိုဆုံးမမှုအောက်မှာ နေထိုင်နေရတာလည်း ဖြစ်ပါတယ်။

စစ်လွန်းလေးဟာ ပညာရေးမှာ ထူးချွန်ထက် မြက်တဲ့အပြင် လိမ္မာရေးခြားလည်း ရှိလွန်းသူဖြစ်တာကြောင့်ပရိသတ်တွေ အားလုံးက ချစ်နေရတာ ဖြစ်ပါတယ်နော် ။

ဒီတစ်ခါမှာဆိုရင်လည်း သူမတို့မိသားစုအတွင်းရေးကိုမသိကြတဲ့ ပရိသတ်တွေကတော့ စစ်လွန်းလေးကို မေမေ့ကို ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပေမယ့် စစ်လွန်းလေးက သူမတို့မိသားစုအခြေအနေကို အမှန်အတိုင်း ဖွင့်ဟလာခဲ့ပါတယ် ။

စစ် လွန်းဝတီထက်က မေမေ့ကိုစိတ်မဆိုးပဲ ပြန်ခေါ်ဖို့ပြောတဲ့ ပရိသတ်ကို “သမီးတို့က ခုချိန်မှမဟုတ်ဘူး မေမေ့ကို ပါပါးနဲ့သမီး သွားခေါ်တုန်းက မေမေမောင်းထုတ်ခဲ့ကတည်းက နားလည်လို့

မေမေစိတ်ချမ်းသာရင်သမီးကုသိုလ်ရတယ်လို့ ပါပါးကလည်းပြောလို့ မေမေဘာလုပ်လုပ် သိသိနဲ့ ဘယ်သူ့မှ ဘာမှမပြောတာပါရှင် ။

သမီးမေမေ့ကို ညတိုင်း ရှိခိုးကျန်မာစေဖို့ မေတ္တာပို့ပြီးမှ အိပ်ခဲ့တာ မေမေ ပစ်သွားကတည်းကပါ ရှင် ??? ဟုတ်ကဲ့ရှင့်သမီးလည်းအားလုံးကို

ချစ်ပါတယ်ရှင်အခုသမီးကိုင်တဲ့ဖုန်း အခုသမီးနေတဲ့အိမ် သမီးတက်နေတဲ့ကျောင်းမေမေအကုန်သိပါတယ်ရှင် ။” “ခုလူတွေတခြားနေရာတွေမှာရေးနေကြသလိုဘယ်သူကမှလည်းမတွေ့ရအောင်တားထားတာမျိုးမရှိသလို

သမီးတို့ ဖိုးဖိုးဖွားဖွား ပါပါးနဲ့ ဦးလေးတွေက မိဘကျေးဇူးကိုအလေးနက်ဦးထိပ်ထားကြတဲ့မိသားစုပါရှင် ။ ပစ်သွားတယ်မဟုတ်ရင်တောင်ထားခဲ့တာသေချာပါတယ်နော် ။

သမီးလိုက်ရှာ ဆက်သွယ်ခဲ့ပေမဲ့ ရှောင်နေခဲ့ပြီး ခုထိလည်းမေမေ ဘယ်လိုမှမဆက်သွယ်လာတာ ဒါပေမဲ့ မေမေမွေးကျေးဇူးကို အမြဲ တန်ဖိုးထားရှိခိုးကန်တော့တိုင်းကျန်မာဖို့

မေတ္တာပို့ဆုတောင်းပေးနေပါတယ် ကြာလာတော့ဘာမှ မခံစားရတော့ပါဘူးရှင် သမီးတို့ရဲ့အတိတ်ကကံကြောင့်ပါပဲရှင် ???သမီးခံစားချက်အမှန်တွေဒီလိုပြောပြမှလည်း

ရေးခွင့်ရတာပါ အမှန်တရားကိုသိပြီးနားလည်ပေးရင်ပဲကျေးဇူးတင်ပါတယ်ရှင်???” ဆိုပြီး ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်နော်။

Source: Sis Loon Wati Htet’s fb

Creditmdatenews

mdatenews














Credit