ယနေ့မှာ ကျရောက်တဲ့ အေသင်ချိုဆွေရဲ့ မွေးနေ့ကို အမှတ်တရ ပုံလေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးလာတဲ့ အေသင်ချိုဆွေ
သံစဉ်ချိုချိုလေးတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အေသင်ချိုဆွေက နာမည်ကျော် စတူဒီယိုတေးသံရှင်တစ်ဦးဖြစ်ပါတယ် ။
လက်ရှိမှာဆိုရင် အရမ်းကို ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေး lvyကိုပိုင်ဆိုင်ထားရတဲ့မိခင်တစ်ယောက် ဖြစ်ပြီး သမီးလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာလည်းဖြစ်ပါတယ် ။
သမီးလေးကို အဖေလိုတစ်မျိူး အမေလိုတစ်မျိုး နွေးထွေးကြင်နာမှု အပြည့်ပေးကာ စောင့်ရှောက်နေတာလည်းဖြစ်ပါတယ် ။ ယနေ့ကတော့ အေသင်ချိုဆွေရဲ့ မွေးနေ့လေးလည်းဖြစ်ရာ
ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ညီမဖြစ်သူ မေသင်ချိုဆွေက အမှတ်တရ ပုံလေးတွေနဲ့အတူ ”
Happy Birthday ငါ့အမ…အသက်တွေကြီးလာပြီနော် အစစအရာရာအဆင်ပြေပါစေ… အိုင်ဗီလေးကိုမွေးပေးလို့လဲကျေးဇူးတင်ပါတယ် …
ငါမွေးစားဖို့ ငါ့အတွက်တစ်ယောက်လောက်ထပ်မွေးပေးပါ.. ငါမမွေးရဲလို့ ?? ညီအမ ၃ ယောက်အမြန်ဆုံးပြန်ဆုံကြမယ်…” ဆိုပြီး
ဆုတောင်းပေးထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Maythen Cho Swe
Zawgyi
သမီးလေးကို အဖေလိုတစ်မျိုး အမေလိုတစ်မျိုး နွေးထွေးကြင်နာမှု အပြည့်ပေးကာ စောင့်ရှောက်နေတာလည်းဖြစ်ပါတယ် ။
Yuan – Cele Zone
Photo – Maythen Cho Swe
mdatenews
mdatenews