ဘယ်သူ့ရဲ့အကူအညီကိုမှလက်မခံဘဲ တောထဲကရတဲ့မှိုလေးတွေကို အနီးနားကရွာထဲမှာသွားရောင်းပြီး လှေလေးနဲ့ပြန်လာကြတဲ့ မင်းမော်ကွန်းတို့မိသားစု

 

မင်းမော်ကွန်းတို့တစ်မိသားစုလုံးကတော့ တော်လှန်ရေးအတွက် စိတ်ဓာတ်ပြင်းပြနေကြတာကြောင့် ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံထားကြတာဖြစ်ပါတယ်။မင်းမော်ကွန်းက တောထဲကို မိသားစုထက်အရင်ရောက်ရှိနေခဲ့တာဖြစ်ပြီး

 

 

PDF လူငယ်လေးတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။သူ့ရဲ့ဇနီးနဲ့သားငယ်လေးက မကြာသေးခင်ကမှ တောထဲကိုရောက်ရှိလာပြီး မိသားစုသုံးယောက် အေးအတူပူအမျှနေထိုင်ရင်း အပြန်အလှန်ဖေးမပေးနေကြတာဖြစ်ပါတယ်။

 

 

မင်းမော်ကွန်းကလည်း အခုအခြေအနေမှာ စိတ်ဓာတ်ခိုင်မာပြီး တောထဲရောက်ရဲဘော်တွေနဲ့အတူအားကြိုးမာန်တက်ကြိုးစားနေတာဖြစ်ပါတယ်။သူ့ရဲ့ဇနီးကတော့ ခင်ပွန်းအတွက်လိုအပ်မယ့် ဝေယျာဝစ္စတွေကိုလည်း လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

 

 

မင်းမော်ကွန်းတို့မိသားစုသုံးယောက်က တောတောင်ထဲမှာ လှေလေးနဲ့ ခက်ခက်ခဲခဲသွားလာနေရတာဖြစ်ပါတယ်။သူတို့မိသားစုကို ကူညီပေးမယ့်သူတွေရှိပေမယ့် မင်းမော်ကွန်းက အားနာပြီးလက်မခံခဲ့တာလို့ သိရပါတယ်။

 

 

 

ဒါ့ကြောင့် မင်းမော်ကွန်းတို့မိသားစုက တောထဲကရတဲ့မှိုလေးတွေကို အနီးနားကရွာထဲကို လှေလေးနဲ့သွားရောင်းပြီး စားဝတ်နေရေးအတွက်ဖြေရှင်းတာဖြစ်ပါတယ်။မင်းမော်ကွန်းက သူစီးနေကျကားလေးကိုလည်း ရရာစျေးနဲ့အရှုံးခံပြီးရောင်းခဲ့တာဖြစ်ပါတယ်။

 

 

လွတ်မြောက်နယ်မြေရောက်နေပေမယ့်လည်း မိသားစုအတွက်ကုန်ကျစရိတ်တွေကရှိနေတာဖြစ်လို့ ဘယ်သူ့ရဲ့အကူအညီကိုမှလက်မခံဘဲ ကိုယ့်အားကိုယ်ကိုးပြီး တောထဲမှာ ခက်ခက်ခဲခဲနေထိုင်နေရတဲ့ မင်းမော်ကွန်းတို့မိသားစုပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

 

CRD:MMLoadmdatenews

mdatenews