ချစ်ခင်ပွန်းဆီမှ မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီးပစ္စည်းတစ်ခု surprise လက်ဆောင်လေးရရှိခဲ့လို့ အပျော်ကြီးပျော်နေတဲ့ အေးချမ်းမိုး
ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ အလှမယ်တစ်ဦးဖြစ်ပြီး အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်ရပ်တည်နေသူပါ။ ပညာရေးမှာ
လည်း ထူးချွန်ခဲ့တဲ့ သူမကတော့ ဆရာဝန်အလှမယ်တစ်ယောက်လည်းဖြစ်ပါတယ် ။ အနုပညာပိုင်းကို ဝါသနာပိုအားသန်တဲ့အတွက်
ဆရာဝန်အလုပ်ကိုစွန့်လွှတ်ကာ အလှမယ်တစ်ယောက်ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ သူမအနေနဲ့ အိမ်ထောင်ကျပြီးကတည်းက ကိုယ်
ပိုက် ဖက်ရှင်ဆိုင်လေးကိုပဲ live sale လေးတွေလွှင့်ကာ စီးပွားရေးလုပ်ကိုင်နေသူပါ ။ မနေ့ကကျရောက်တဲ့ ဇူလိုင်လ၂၈ရက်နေ့ကတော့
သူမရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ သူမရဲ့မွေးနေ့ရက်မြတ်လေးမှာ ခင်ပွန်းသည်က ညဘက်မှာ ကိတ်မုန့်လေးနဲ့ surprise လုပ်ခဲ့
ပြီး မွေးနေ့လက်ဆောင်အဖြစ် စိန်တွေစီထားတဲ့ပတ္တမြားလက်စွပ်လေးကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာပဲ ဖြစ်ပါတယ် ။”Thank u
အမျိုးသားလေး ချစ်တယ်နော်”ဆိုပြီး သူမရဲ့my dayမှာတင်လာခဲ့တာပါ ။ ပရိသတ်တွေလည်းချမ်းမိုးလေးအတွက်မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါ ဦးနော် ။
Credit – CeleGabar
Source- AyeChanMoe
Zawgyi
Credit – CeleGabar
Source- AyeChanMoemdatenews
mdatenews