Media Update News

News Media Website

Cele Local News News

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ဘာမှမကူညီပေးနိုင်တဲ့အတွက်ပြည်သူတွေအပြစ်ပေးရင် ကျေကျေနပ်နပ်ကြီး ခံယူမယ့်အကြောင်းပြောလာတဲ့ ပိုင်တံခွန်

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ဘာမှမကူညီပေးနိုင်တဲ့အတွက်ပြည်သူတွေအပြစ်ပေးရင် ကျေကျေနပ်နပ်ကြီး ခံယူမယ့်အကြောင်းပြောလာတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ မင်းသားချောပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့လို့ မတရားဖမ်းဆီးခံခဲ့ရပြီး ထောင်ချခံခဲ့ရတာလည်းဖြစ်ပါတယ် ။ ပိုင်တံခွန်က

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပြီး

ကြောငြာတွေလည်း ရိုတ်ကူးနေပြီး ပုံမှန်လို ပြန်နေနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတစ်ချို့ ခံနေရတာလည်းဖြစ်ပါတယ်။ဝေဖန်ခံနေရတာနဲ့ ပတ်သတ်ပြီး

ပိုင်တံခွန်ကကျနော် ဒီအခြေနေမှာ ဘာမှ အကူညီ မပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ် ။အမြဲတမ်းတဖက်သားရဲ့ ခံစားချက်ကို ကျနော် အလေးထားခဲ့တယ် ။

ကျနော်ရဲ့ ခံစားချက်တွေကို ဘယ်တော့မှ ရှေ့တန်းမတင်ခဲ့ဘူး ကျနော် ရဲ့ အစွမ်းအစနဲ့ လုပ်လို့မရတဲ့ အရာ ဖြစ်တဲ့အတွက် နားလည်ပေးဖို့လဲ ကျနော် မတောင်းဆိုဘူး ။

အခုချိန်မှာ ကျနော်လည်း ဝမ်းနည်းကြေကွဲရတယ်။ ပြည်သူတွေ သဘောအတိုင်း Boycott ဖြစ်ဖြစ် unfollow ဖြစ်ဖြစ် လုပ်မှ အဆင်ပြေမယ်ဆို အဲဒီအတိုင်း ကျနော့်ကို အပြစ်ပေးလို့ရတယ်အားလုံးကိုလည်း လေးစားလျှက်ပါဆိုပြီးပြောလာတာ ဖြစ်ပါတယ် ။

Credit

Zawgyi






Credit

mdatenews

mdatenews