ခင်ပွန်းဖြစ်သူရဲ့ (၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ ခွဲခွာသွားခြင်းအတွက် လွမ်းဆွတ်တမ်းတပြီးကုသိုလ်ကောင်းမှူ့ပြုလုပ်ပေးခဲ့တဲ့ ဒေါ်ဝါဝါဝင်းရွှေ
မင်္ဂလာပါ ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေကတော့ တစ်ခေတ် တစ်ခါကအောင်မြင်မှူ့ မှန်သမျှကို သိမ်းပိုက်ပိုင်ဆိုင်ထားပြီး ပရိတ်သတ်
အမာရှိခဲ့တာပဲဖြစ်ပါတယ်။ သဘာဝကျလွန်းတဲ့မင်းသမီးကြီးကတော့ ဒီကနေ့သူမအိမ်မှာကောင်းမှူ့ကုသိုလ်လေးတစ်ခု ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်..။ အလှူလေးကတော့ ကွယ်လွန်သွားတာ (၃) နှစ်တိတိ
ပြည့်သွားခဲ့ပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူကို ရည်စူးပြီးပြုလုပ်ခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ်။ အန်တီဝါဝါဝင်းရွှေကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ နှစ်ပေါင်း ၅၀ လက်ခြင်းတွဲခဲ့ကြပေမဲ့
လက်တွဲပြုတ်ပြီးအဝေးဆုံးကိုထွက်ခွာသွားလေသူကြီးရေ ။ ကျန်ခဲ့သူမှာတော့ နေ့ ည မပြတ် သတိရ လွမ်းဆွတ်ခဲ့ရတာ ဒီနေ့ ( ၃ ) နှစ်ပြည့်ခဲ့ပြီပေါ့ ။ ဒယ်ဒီကတော့ အေးချမ်းတဲ့ဘုံဘဝ ကို
ရောက်ရှိနေမှာပါ ။ တို့ကတော့ ဘဝ ဇာတ်ခုံပေါ်မှာ ကခုန် နေရဆဲပါ ဒယ်ဒီရယ် ။ ဒါန သီလ ဘာဝနာ တရားတွေကို လက်ကိုင်ထားပြီး နေ့စဉ် လစဉ် နှစ်စဉ် ကုသိုလ်ကောင်းမှုတွေ
ပြုလုပ်ခဲ့ပါတယ် ။ ဒယ်ဒီနဲ့အတူလှူခဲ့ကြတဲ့ ပဉ္နနိကာယ် ကျောင်း တိုက်ကနာယကဆရာတော်ကြီးတွေကိုပင့်ပြီး ဝါဆိုသင်ကန်း ဝါဆိုဆွမ်း နဲ့ နဝကမ္မ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်..။ ဤကောင်းမှုတို့ကို
ဘဝဟောင်းစွန့်ပြီး ဘဝသစ်သို့ကူးပြောင်းသွားသူ ဒယ်ဒီ နဲ့တကွ ဘဝသံသရာပေါင်းများစွာ မှတော်စပ်ခဲ့ဘူးကြသော ဆွေတော်ရှစ်သောင်းမျိုးတော်အပေါင်းအား အမျှပေးဝေလိုက်ပါတယ်
ဒယ်ဒီမြင့်သထက်မြင့်သောဘုံဘဝကို ရောက်ရှိနိုင်ပါစေ ” ဟုဆိုပြီး ကောင်းမှုတွေကို ခင်ပွန်းဖြစ်သူရရှိစေဖို့ ရည်မှန်းထားခဲ့ပါသေးတယ် ။ ပရိသတ်ကြီးရေ ခင်ပွန်းအပေါ်ထားရှိတဲ့ အန်တီ့ရဲ့ သစ္စာတရားကတော့ လေးစားထိုက်ပါပေတယ်နော်..။
Source – Wa Wa Win Shwe
Zawgyi
ခင္ပြန္းျဖစ္သူရဲ႕ (၃) ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ခြဲခြာသြားျခင္းအတြက္ လြမ္းဆြတ္တမ္းတၿပီးကုသိုလ္ေကာင္းမႉ႔ျပဳလုပ္ေပးခဲ့တဲ့ ေဒၚဝါဝါဝင္းေ႐ႊ
မဂၤလာပါ ပရိသတ္ႀကီးေရ အကယ္ဒမီမင္းသမီးႀကီး ေဒၚဝါဝါဝင္းေ႐ႊကေတာ့ တစ္ေခတ္ တစ္ခါကေအာင္ျမင္မႉ႔ မွန္သမွ်ကို သိမ္းပိုက္ပိုင္ဆိုင္ထားၿပီး ပရိတ္သတ္ အမာရွိခဲ့တာပဲျဖစ္ပါတယ္။ သဘာဝက်လြန္းတဲ့မင္းသမီးႀကီးကေတာ့ ဒီကေန႔သူမအိမ္မွာေကာင္းမႉ႔ကုသိုလ္ေလးတစ္ခု ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္..။
အလႉေလးကေတာ့ ကြယ္လြန္သြားတာ (၃) ႏွစ္တိတိ ျပည့္သြားခဲ့ၿပီျဖစ္တဲ့ ခင္ပြန္းျဖစ္သူကို ရည္စူးၿပီးျပဳလုပ္ခဲ့တဲ့ အလႉေလးပဲျဖစ္ပါတယ္။ အန္တီဝါဝါဝင္းေ႐ႊကေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန “ ႏွစ္ေပါင္း ၅၀ လက္ျခင္းတြဲခဲ့ၾကေပမဲ့ လက္တြဲျပဳတ္ၿပီးအေဝးဆုံးကိုထြက္ခြာသြားေလသူႀကီးေရ ။
က်န္ခဲ့သူမွာေတာ့ ေန႔ ည မျပတ္ သတိရ လြမ္းဆြတ္ခဲ့ရတာ ဒီေန႔ ( ၃ ) ႏွစ္ျပည့္ခဲ့ၿပီေပါ့ ။ ဒယ္ဒီကေတာ့ ေအးခ်မ္းတဲ့ဘုံဘဝ ကိုေရာက္ရွိေနမွာပါ ။ တို႔ကေတာ့ ဘဝ ဇာတ္ခုံေပၚမွာ ကခုန္ ေနရဆဲပါ ဒယ္ဒီရယ္ ။ ဒါန သီလ ဘာဝနာ တရားေတြကို လက္ကိုင္ထားၿပီး ေန႔စဥ္
လစဥ္ ႏွစ္စဥ္ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္ ။ ဒယ္ဒီနဲ႔အတူလႉခဲ့ၾကတဲ့ ပၪၷနိကာယ္ ေက်ာင္း တိုက္ကနာယကဆရာေတာ္ႀကီးေတြကိုပင့္ၿပီး ဝါဆိုသင္ကန္း ဝါဆိုဆြမ္း နဲ႔ နဝကမၼ ဆက္ကပ္ လႉဒါန္းခဲ့ပါတယ္..။ ဤေကာင္းမႈတို႔ကို ဘဝေဟာင္းစြန႔္ၿပီး ဘဝသစ္သို႔
ကူးေျပာင္းသြားသူ ဒယ္ဒီ နဲ႔တကြ ဘဝသံသရာေပါင္းမ်ားစြာ မွေတာ္စပ္ခဲ့ဘူးၾကေသာ ေဆြေတာ္ရွစ္ေသာင္းမ်ိဳးေတာ္အေပါင္းအား အမွ်ေပးေဝလိုက္ပါတယ္ ဒယ္ဒီျမင့္သထက္ျမင့္ေသာဘုံဘဝကို ေရာက္ရွိႏိုင္ပါေစ ” ဟုဆိုၿပီး
ေကာင္းမႈေတြကို ခင္ပြန္းျဖစ္သူရရွိေစဖို႔ ရည္မွန္းထားခဲ့ပါေသးတယ္ ။ ပရိသတ္ႀကီးေရ ခင္ပြန္းအေပၚထားရွိတဲ့ အန္တီ့ရဲ႕ သစၥာတရားကေတာ့ ေလးစားထိုက္ပါေပတယ္ေနာ္..။
Source – Wa Wa Win Shwe
mdatenews
mdatenews