ပရိသတ်ကြီးရေ မနေ့က သြဂုတ်လ (၁၉)ရက်နေ့က ဖွေးဖွေးရဲ့ ဖခင်ကြီး ကိုဗစ်ကြောင့် ရုတ်တရက်ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဖွေးဖွေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူအရမ်းချစ်ရတဲ့ အဖွားဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အဖေဖြစ်သူကိုထပ်မံဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။
ဖွေးဖွေးရဲ့ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြောင့် အနုပညာရှင်မောင်နှမတွေရော ဖွေးဖွေးရဲ့ ပရိသတ်တွေရောက ထပ်တူ စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။ စိတ်မကောင်းဖြစ်နေကြတဲ့ အထဲမှာ ပရိသတ်အချစ်တော် ခိုင်သင်းကြည်ကလည်း အပါအဝင်ဖြစ်ပြီး ခိုင်သင်းကြည်က
“အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးအတွက်ဘယ်လိုစကားလုံးနဲ့အားပေးစကားပြောရမှန်းတောင်မသိတော့ပါဘူးဖွေးရေ။အဖေကိုအရမ်းချစ်သူမို့အရမ်းခံစားနေရမယ်ဆိုတာသိပါတယ်။အန်ကယ်ကောင်းမွန်ရာဘုံဘဝရောက်ပါစေ။”ဆိုပြီး အဖေကိုအရမ်းချစ်တာကြောင့် အခုဖခင်ဆုံးရှုံးရတဲ့အတွက် အားပေးစကားပြောထားခဲ့တာပဲဖြစ်ပါတယ်။
Celethadinsone ပရိသတ်ကြီးတွေထဲက ဖွေးဖွေးကိုချစ်ပြီး အားပေးကြတဲ့ ဖွေးဖွေးရဲ့ပရိသတ်တွေလည်း ဖခင်ကြီးကို အရမ်းချစ်တဲ့ ဖွေးလေး ဖခင်ကြီးကို ဆုံးရှုံးရတဲ့ အတွက် အစားထိုးမရလောက်အောင် ခံစားနေရမှာမို့ ဖွေးဖွေးကိုအတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
CRD:Celezonemdatenews
mdatenews