သူမရဲ့မွေးနေ့အမှတ်တရအဖြစ် ပရိတ်သတ်တွေကိုယ်တိုင်သီဆိုထားတဲ့ “မနက်ဖြန်တိုင်းအတွက်ချစ်သက်” ဆိုတဲ့သီချင်းလေးကို ပြသလာတဲ့ သက်မွန်မြင့်
ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့် ဟာဆိုရင် ပီပြင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့
ကျရာဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်နော် ။
ပရိတ်သတ်တွေရဲ့အချစ်တော် ချစ်သက်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။
ရုပ်ရှင်တွေရိုက်နေသလိုအိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့် က အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်…။
ချစ်သက်ဟာဆိုရင် သူမကိုအရမ်းချစ်မြတ်နိုးတန်ဖိုးထားတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း
ပိုင်ဆိုင်ထားတာဖြစ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပုံဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်နော်။ဇူလိုင်လ (၂၃) ရက်နေ့ကတော့ သက်မွန်မြင့်ရဲ့
မွေးနေ့လေးဖြစ်ပြီး သက်မွန်မြင့်က သူမရဲ့မွေးနေ့မှာ ပရိသတ်တွေကိုယ်တိုင်သီဆိုပေးခဲ့ဖူးတဲ့ “မနက်ဖြန်တိုင်းအတွက်ချစ်သက်” သီချင်းလေးကိုမျှဝေကာ
“ဒီသီချင်းလေးကြားရတိုင်း ဝမ်းသာမျက်ရည် ကျနေရတုန်းပဲ ။ သီချင်းလေးတွက် အရမ်းကို ကျေးဇူးတင်ရသလို အမြဲ အားပေးရပ်တည်ပေးတဲ့
my Yellow Hearts လေးတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့! မွေးနေ့မှာ အလွမ်းပြေလေးပေါ့နော်! ???” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
သက်မွန်မြင့်ကတော့ ပရိသတ်တွေကိုယ်တိုင်သီဆိုပေးခဲ့ဖူးတဲ့ “မနက်ဖြန်တိုင်းအတွက်ချစ်သက်” သီချင်းလေးကိုကြားတိုင်း ဝမ်းသာမျက်ရည်ကျရတယ်လို့ ဆိုခဲ့တာပဲဖြစ်ပါတယ် ။
Source: Thet Mon Myint ‘s fb
Credit
mdatenews
mdatenews