မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ ဘေထုပ်ဆိုင်ကြီးကို ရက်ပိုင်းအတွင်းအောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ ချစ်ဇနီးလေးကိုဂုဏ်ပြုစကားဆိုလိုက်တဲ့ နိုင်းဝမ်း
ပရိသတ်ကြီးရေ အဆိုတော်နိုင်းဝမ်းကတော့ အမိုက်စား rap သီချင်းတွေနဲ့ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ် ။ နိုင်းဝမ်းကေ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်ကပဲ သူ့ရဲ့ချစ်သူကောင်မလေးနဲ့
ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။နိုင်းဝမ်းကဒီကာလမှာ အလုပ်မရှိတော့ ဘေထုပ်အဝတ်အထည်ဆိုင်လေး ဖွင့်ဖြစ်ပြီး ဂျပန်၊ တိုကျိုမြို့ တစ်နေရာထဲကပဲ တိုက်ရိုက်မှာယူ ရောင်းပါတယ်။Thrift/ ဘေထုပ်
အထည်ရော၊ Export Quality အထည်တွေပါ ရောင်းပါတယ် ။ အထည်တိုင်းကို ဂျပန်မှာပဲ ပိုးသတ် ပြီးသားပါ ။ အခြေခံ လူတန်းစားတွေ ဝယ်ဝတ်နိုင်အောင် ဈေးနှုန်း အသက်သာဆုံးနဲ့ ရောင်းပေးနေတာပဲ ဖြစ်ပါတယ်နော် ။
ဒီတစ်ခါမှာဆိုရင်တော့မကြာခင်ရက်ပိုင်းကမှဖွင့်လှစ်ထားတဲ့ သူ့ရဲ့ဘေထုပ်ဆိုင်လေးကး အချိန်ခဏလေးအတွင်းမှာ အောင်မြင်လာတဲ့အတွက် နိုင်းဝမ်းက သူ့ရဲ့ချစ်ဇနီးကို အခုလိုပဲ ချီးကျူးဂုဏ်ပြုစကားပြောလာတာကို
တွေ့ရပါတယ်။နိုင်းဝမ်းက “Congratulation ပါ မိန်းမရေ ? May Myo Thu Kyaw .. မိန်းမရဲ့အဝတ်အထည်လုပ်ငန်းလေး ရက်ပိုင်းလေးအတွင်းမှာ ထင်မှတ်မထားလောက်အောင်ကို အောင်မြင်ကျော်ကြားရောင်းကောင်းလာတာမြင်ရတွေ့ရတော့
တကယ့်ကိုဝမ်းသာမဆုံးဖြစ်မိပါတယ်။ အခုလိုအခြေအနေလေးဖြစ်လာဖို့ ကျွန်တော်တို့လင်မယားကိုချစ်ခင်စွာ ဝန်းရံပေးခဲ့ကြတဲ့ ချစ်ပရိတ်သတ်များနဲ့ မိတ်ဆွေကောင်းများအားလုံး၊ ဆိုင်လေးကိုဝိုင်းဝန်းကူညီကြေငြာပေးကြတဲ့မီဒီယာများအားလုံး ၊
အနယ်နယ်အရပ်ရပ်မှလာရောက်ဝယ်ယူအားပေးကြသူများအားလုံး၊ လက္ကားမှာယူအားပေးကြသူများအားလုံးကို လေးနက်စွာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အခုဆို မနက် ၉နာရီ ဆိုင်မဖွင့်ခင်အချိန်ကတည်းက
ဆိုင်ရှေ့မှာလာစောင့်ပြီးဝယ်ယူအားပေးကြသူတွေနဲ့ ည ၉နာရီဆိုင်ပိတ်ချိန်ထိ လူလုံးဝပြတ်မသွားအောင်စည်ကားနေတာကြောင့် ကျွန်တော်တို့လင်မယားလဲ နေ့လည်စာပျောက်နေတာကြာပေါ့ဗျာ?”“မနက်မိုးလင်းကတည်းက
ဝယ်ယူသွားသူတွေကြောင့် နေ့ခင်းပိုင်းလောက်ရောက်ရင်ရွေးစရာသိပ်မကျန်တော့အောင်ဖြစ်ဖြစ်နေတဲ့အတွက်အရမ်းကိုအားနာလှပါတယ်ခင်ဗျာ.. အဲ့ဒီအတွက်လဲ ဆိုင်အပေါ်ထပ်မှာအထုပ်သစ်တွေဖောက်ပြီး စိတ်ကြိုက်ဝင်ရွေးနိုင်အောင်စီစဉ်ပေးထားပါတယ်။
ကျွန်တော်တို့တစ်ဆိုင်လုံးလဲ အခုလိုချိန်ထိမအိပ်ပဲ ဈေးဝယ်သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ မနက်ဆိုင်ဖွင့်ချိန်မှာတစ်ဆိုင်လုံးအထည်တွေအပြည့်ပြန်ဖြစ်နေအောင် ရှိတဲ့ဝန်ထမ်းလေးတွေနဲ့ နေ့မအားညမနား အစွမ်းကုန်ကြိုးစား
ပြင်ဆင်ပေးနေပါတယ်ခင်ဗျာ။ ဒီရက်ပိုင်းလူအရမ်းများနေလို့ ကျွန်တော်တို့ဆိုင်ဘက်က လိုအပ်ချက်များ၊ အားနည်းချက်များရှိခဲ့ပါက နားလည်ခွင့်လွတ်ပေးကြဖို့အနူးအညွတ်တောင်းပန်အပ်ပါတယ်? အတွေ့အကြုံလုံးဝမရှိသေးတဲ့အလုပ်တစ်ခုဖြစ်တာကြောင့်
အစစအရာရာမှာ လစ်ဟာမှုတွေမရှိအောင် အားကုန်သုံး၍ကြိုးစားပြင်ဆင်နေကြပါတယ်ခင်ဗျာ။ အွန်လိုင်းကနေလဲ လက်လီရောင်းချမှုကို ခေတ္တရပ်နားထားပါကြောင်းကြေငြာအပ်ပါတယ်။ လက္ကားဝယ်ယူသူများအတွက်လဲ မြန်မာပြည်တစ်ဝှမ်းလုံးကို
အမြန်ဆုံးပို့ဆောင်ပေးနေပါတယ်ခင်ဗျာ။ သမာအာဇီဝလုပ်ငန်းလေးဖြစ်လို့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း များစွ ာကျေနပ်မိပါတယ် ။ ရှေ့ဆက်ပြီး
ယခုလိုပဲ အမြဲတမ်းချစ်ခင်စွာဝန်းရံအားပေးကြပါအုံးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ?” ဆိုပြီး နိုင်းဝမ်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ် ။
Source: Kyaw Zin Latt ‘s fb
Creditmdatenews
mdatenews