မိသားစုနဲ့အတူ မက္ကစီကိုနိုင်ငံက ပင်လယ်ကမ်းခြေမြို့လေးမှာလျှောက်လည်ရင်းပျော်ရွှင်စရာအချိန်တွေကိုဖန်တီးပေးခဲ့တဲ့ ဇူဇူးမောင်
မိသားစုနဲ့အတူ မက္ကစီကိုနိုင်ငံက ပင်လယ်ကမ်းခြေမြို့လေးမှာလျှောက်လည်ရင်းပျော်ရွှင်စရာအချိန်တွေကိုဖန်တီးပေးခဲ့တဲ့ ဇူဇူးမောင်
ပရိသတ်ကြီးရေ သရုပ်ဆောင် ဇူးဇူးမောင်ကတော့ တစ်ခေတ်တစ်ခါတုန်းက အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ် ။
သူမဟာ သရုပ်ဆောင် မေသန်းနုရဲ့တူမအရင်းဖြစ်ပြီးအဒေါ်ဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေမှာ အတူပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့
သာယာကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဇူးဇူးမောင်ဟာ သူမရဲ့ မိသားစုနဲ့အတူ ပြည်ပနိုင်ငံတွင်
အခြေချနေထိုင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေကနေ အနားယူလိုက်တာ ဖြစ်ပါတယ်။ အရင်လို သရုပ်ဆောင်အလုပ်တွေ မလုပ်ကိုင်ဖြစ်တော့ပေမယ့်
ဇူဇူးမောင်က ACC Channel by Alison, Chloe & Cho ဆိုပြီး သမီးလေးတွေနဲ့အတူတူ ဗီဒီယိုလေးတွေ ဓာတ်ပုံလေးတွေကို မျှဝေပေးနေတာပဲဖြစ်ပါတယ် ။
သူမရဲ့ ကလေးတွေကလည်း အရမ်းကို ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ဒီတစ်ခါမှာဆိုရင်လည်း ဇူဇူးမောင်တို့မိသားစုကအားလပ်ရက်မှာတော့
မက္ကစီကိုနိုင်ငံကို အလည်အပတ်သွားရောက်နေတာပဲဖြစ်ပါတယ်။ ဇူဇူးမောင်တို့ မိသားစုတွေက မက္ကစီကိုနိုင်ငံက Cancún ဆိုတဲ့ ပင်လယ်ကမ်းခြေမြို့လေးမှာ လည်ပတ်နေကြတဲ့
ပုံရိပ်တွေကို အခုလိုပဲ ပျော်ရွှင်ဖွယ်ရာ တွေ့ရပါတယ် ။ ဇူဇူးမောင်တို့ ဇနီးမောင်နှံကတော့ အားလပ်ရက်လေးရတုန်း သမီးကြီးChloe နဲ့ သမီးလေး Alison တို့ကိုပါခေါ်ပြီး မက္ကစီကိုနိုင်ငံက
Cancún မြို့လေးမှာ လည်ပတ်နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဇူဇူးမောင်တို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားကြမယ်ထင်ပါတယ်နော်။
Credit
Zawgyi
Creditmdatenews
mdatenews