ဒီကနေ့ ဇူလိုင်လ(23)မှာကျရောက်တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးချောလေး သက်မွန်မြင့်ရဲ့မွေးနေ့ရက်မြတ်လေး
ပရိတ်သတ်ကြီးရေ….မင်းသမီးချောလေးသက်မွန်မြင့်ကတော့ ပီပြင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ကျရာဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင်
သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီ ထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့အပြင် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားသူလည်း ဖြစ်ပါတယ် ။
ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက်လို့ခေါ်တဲ့ သက်မွန်မြင့်ဟာ လက်ရှိမှာတော့ ကျန်းမာရေးနဲ့ အခြေအနေအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပြီး မိသားစုလေးကို
အချိန်ပေး ဂရုစိုက်နေတာ ဖြစ်ပါတယ် ။ ဒီကနေ့ ဇူလိုင်လ (၂၃) ရက် နေ့မှာဆိုရင် ချစ်သက်က ထိပ်စီးပြောင်းသွားပြီး အသက် တစ်နှစ်ကြီးသွားပြီပဲ ဖြစ်ပါတယ် ။ ချစ်သက်ဟာ ဒီနှစ်လေးမှာ
အသက် ၄၀ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ ချစ်သက်လေးရဲ့မွေးနေ့မှစပြီး နောင်နှစ်တစ်ရာတိုင် ချစ်တဲ့မိသားစု ချစ်တဲ့ ပရိတ်သတ်တွေနဲ့အတူ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်..
Credit ; MMLoad
Zawgyi
Credit ; MMLoad
mdatenews
mdatenews