ဗိုက်ဖုံးအင်္ကျီလေ းဝတ်ပြီး ကိုယ်ဝန်ဆောင်နေတဲ့ ဓာတ်ပုံတွေကြောင့် ပရိတ်သတ်တွေကြား အတွေးတွေနဲ့ အံ့သြစေခဲ့တဲ့ အေးမြတ်သူ
သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့်
ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ ။ ဒါ့ပြင်သူမရဲ့ ညို့အားပြင်းတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးကလည်း ပရိသတ်ရင်ကိုထိမှန်စေတာ
အသေအချာပါပဲ ။ အေးမြတ်သူက အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့အလှတရားတွေဟာဆိုရင်လည်း ဆယ်ကျော်သက်တွေ
အရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူက သူမရဲ့လှုပ်ရှားမှုပုံလေးတွေ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်စေရန်
အမြဲဖော်ပြလေ့ရှိတာလည်း ဖြစ်ပါတယ် ။ဒါ့အပြင် အေးမြတ်သူက အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တာမို့ သူမရဲ့ချစ်သူကိုလည်း ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ကာ အိမ်ထောင်ပြုဖို့အရေးကို စဉ်းစားပေးနေပြီပဲ ဖြစ်ပါတယ် ။ လတ်တလောမှာ ကလေးရှိနေသယောင်ယောင်
ပို့စ်တွေတင်နေခဲ့တဲ့ အေးမြတ်သူဟာ ဒီကနေ့မှာလည်း ပိုစ့်တစ်ခုနဲ့ ပရိသတ်တွေကို အထင်လွဲစေခဲ့ပြန်ပါပြီ။ အေးမြတ်သူက ဗိုက်ဗုံးအင်္ကျီဝတ်ဆင်ထားတဲ့
ဓာတ်ပုံလေးနဲ့ သူမရဲ့ဓာတ်ပုံလေးတွေကိုတင်ကာ “တချိန်သော ….အခါသာမည ….????????????????????????…….” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ် ။
အေးမြတ်သူတစ်ယောက် ပရိသတ်တွေကို စနောက်နေတာလား တကယ်အတည်ပဲလားဆိုတာ အေးမြတ်သူကိုယ်တိုင်သာ အသိဆုံးပဲ ဖြစ်မှာပါ ။
Source: Aye Myat Thu’s fb
Credit
Zawgyi
Source: Aye Myat Thu’s fb
Creditmdatenews
mdatenews