“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်”ဇာတ်လမ်းတွဲရဲ့ဇာတ်သိမ်းပိုင် းပုံရိပ်လေးတွေကို ပြသရင်း ကျေးဇူးတင် စကားဆိုလာတဲ့ ဆက်ယွန်းတွယ်တာ
“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်”ဇာတ်လမ်းတွဲရဲ့ဇာတ်သိမ်းပိုင် းပုံရိပ်လေးတွေကို ပြသရင်း ကျေးဇူးတင် စကားဆိုလာတဲ့ ဆက်ယွန်းတွယ်တာ
ပရိသတ်ကြီးရေ ဆက်ယွန်းတွယ်တာ ဟာ ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ် ဇာတ်လမ်းထဲမှာ မြမိုးသူ ကာရိုက်တာအနေ နဲ့ ပါဝင် ထားပါတယ် ။ ဒီကားလေးက အရင်ကလဲ (၃) ကြိမ်တိုင်တိုင် ရိုက်ကူးခဲ့ ဖူးပြီး
ရိုက်ခဲ့တဲ့ အခါတိုင်းမှာ ပရိသတ်တွေ ရဲ့ အားပေးမှုကို အပြည့်အဝ ရရှိခဲ့တာဖြစ်ပါတယ် ။နှုတ်ခမ်းဖူးဖူးလေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ မင်းသမီးလေး ဆက်ယွန်းတွယ်တာကတော့ အနုပညာလောကမှာ နာမည်ရစပြုနေပြီဖြစ်တဲ့
တက်သစ်စသရုပ်ဆောင်တစ်ယောက်ဆိုပေမယ့်လည်း ပီတဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ ဆက်ယွန်းတွယ်တာက
“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်သိမ်းပိုင်းမှာ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလာတာကို တွေ့ရပါတယ်။ဆက်ယွန်းတွယ်တာက “ဒေါင်းယဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်
ဇာတ်လမ်းတွဲလေးပြီးသွားပါပြီဒီဇာတ်လမ်းတွဲလေးမှာမြမိုးသူအဖြစ်ပါဝင်ရိုက်ကူးခွင့်ပေးပါသော Forever group မှတာဝန်ရှိလူကြီးမင်းများနှင့်တကွကြောင်ကမ္ဘာproductions မှတာဝန်ရှိလူကြီးမင်းများအားလုံး
သမီးတို့ဆရာ Zabuhtun ThetLwin ဆရာသက်ကိုရောဒီဇာတ်လမ်းလေးထဲမှာသင်ကြားပေးခဲ့ကြတဲ့ဆရာသမားများအားလုံးကိုသမီးကျေးဇူးတင်စွာဂါဝရပြုအပ်ပါတယ်ရှင်..🙏🏻 ဆက်ယွန်းရဲ့အဓိကကျေးဇူးရှင်ဖြစ်တဲ့
မြမိုးသူဆိုတဲ့ဇာတ်ကောင်လေးကိုချစ်ပေးကြသူမုန်းပေးကြသူပရိသတ်တစ်ဦးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ရှင် 🙏🏻✨” ဆိုပြီး နောက်ဆုံးဇာတ်ဝင်ခန်းက အမှတ်တရပုံရိပ်လေးတွေကိုပါ ပြသလာပါတယ်။
သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်ပေမယ့်လည်း ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့ မြမိုးသူလေးကိုအမြဲတမ်းအားပေးချစ်ခင်ပေးကြပါအုံးနော်..။
Source: Sett Yoon Twel Tar’s fb
Credit
Zawgyi
Creditmdatenews
mdatenews