ပရိတ်သတ်ကြီးရေ….သရုပ်ဆောင်ဖွေးဖွေးကတော့ပြည်သူ့အချစ်တော်မင်းသမီးတစ်ဦးဖြစ်ပြီး သရုပ်ဆောင်မှုပိုင်းမှာအင်မတန်ကောင်းလွန်းတာကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ထပ်ဆင့်အကယ်ဒမီမင်းသမီးချောပဲဖြစ်ပါတယ်။သရုပ်ဆောင်ဖွေးဖွေးကအားကိုအားထားရတဲ့သူမရဲ့ဖေဖေ၊မေမေနဲ့မောင်းလေးကိုလဲပိုင်ဆိုင်ထားပြီးအေးချမ်းတဲ့မိသားစုလေးကိုတည်ဆောက်ထားပါတယ်နော်။
ဖွေးဖွေးကတော့တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာရဲရဲဝင့်ဝင့်ပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်။ဖွေးဖွေးကရှောင်တိမ်းနေတဲ့အချိန်မှအဖွားဖြစ်သူရော မိခင်ကြီးဖြစ်သူရော ဖခင်ဖြစ်သူပါဆေးရုံတင်နေရတာပဲဖြစ်ပါတယ်နော်။
ဖွေးဖွေးရဲ့အဖွားကွယ်လွန်သွားတာ အကြာသေးခင်မှာပဲ ဖွေးဖွေးရဲ့ဖခင် ဦးကျော်ကျော်ဝင်း(ခ) ဦးမောင်ဦးသည်သြဂုတ်လ (၁၉)ရက်နေ့ ညပိုင်း ပန်းလှိုင်းဆေးရုံမှာ ကိုဗစ်ရောဂါဖြင့်ကွယ်လွန်သွားကြောင်း သိရှိရတာပဲဖြစ်ပါတယ်။
ဖွေးဖွေးဟာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် အနားမှာမရှိနိုင်တာကြောင့် ဝတ်မှုန်ရွှေရည်က ပန်းလှိုင်းဆေးရုံသို့လိုက်သွားပြီးစီစဉ်ပေးနေတောပဲဖြစ်ပါတယ်နော်။ခုလိုဖွေးဖွေးရဲ့ဖခင်ဆုံးပါးသွားတဲ့ သတင်းကြောင့်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်နော်။
အန်ကယ် ဦးကျော်ကျော်ဝင်း(ခ) ဦးမောင်ဦးလည်းကောင်းရာဘုံဘဝသို့ရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အဝေးရောက်နေတဲ့သမီးဖြစ်သူဖွေးဖွေးဘယ်လောက်တောင်ကြေကွဲဝမ်းနည်းနေမလည်းဆိုတာ ခန့်မှန်းလို့တောင်မရနိုင်ပါလူးနော်။ပရိတ်သတ်ကြီးလည်း ဖွေးဖွေးအတွက် အားပေးစကားလေးပြောခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ Celethadinsone ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Credit ; Celebrity Platformsmdatenews
mdatenews