ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ပရဟိတဂေဟာတစ်ခုအတွက် ဆန်(၁၀)အိတ်တိတိ လှူဒါန်းပေးခဲ့တဲ့ အိချောပို

ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဟာရဒါနအလှူလေးတစ်ခုကို ပြုလုပ်လှူဒါန်းခဲ့ပါတယ်။ အိချောပိုကတော့ ရုပ်လေးကလည်း လှသလို စိတ်ထားလေးကလည်း ကောင်းပြီး အလှူအတန်းတွေကို မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ပါ။

 

 

ပြီးခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့မှာလည်း အိချောပိုက အာဟာရဒါနအလှူလေးကို ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း (၄၁)ရပ်ကွက်မှာရှိတဲ့ “ကျေးဇူးတော်နှလုံးသား မျိုးဆက်သစ်လူငယ်လေးများ ပြုစုစောင့်ရှောက်ရေး ပရဟိတ”

 

 

 

ဂေဟာမှာ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့မိဘနှစ်ပါးကို အမှုးထားပြီးတော့ ဂေဟာမှာရှိတဲ့ ကလေးငယ်တွေအတွက် ဆန်(၁၀)အိတ်တိတိကို စေတနာထက်သန်စွာနဲ့ အိချောပိုကလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

 

 

 

အခုလို ကပ်ဘေးရောဂါတွေကြောင့် စီးပွားရေတွေကျပ်တည်းနေကြတဲ့ အတွက် အလှူရှင် ရှားပါးနေချိန်မှာ ကလေးတွေရဲ့စားသောက်ရေးအတွက် ဆန်တွေလှူဒါန်းပေးတာကတော့ တကယ်ကို မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးပါ။Celethadinsoneပရိသတ်ကြီးတွေလည်း အိချောပိုရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

 

 

mdatenews

mdatenews