Live လွှင့်နေမှန်းမသိပဲ ဂစ်တာတီးနေတဲ့ခင်ပွန်းဖြစ်သူကိုဖက်နမ်းလိုက်ပြီးမှ ကင်မရာတွေ့သွားပြီး ရှက်သွေးဖြာသွားတဲ့ သားငယ်ရဲ့ဇနီး
Live လွှင့်နေမှန်းမသိပဲ ဂစ်တာတီးနေတဲ့ခင်ပွန်းဖြစ်သူကိုဖက်နမ်းလိုက်ပြီးမှ ကင်မရာတွေ့သွားပြီး ရှက်သွေးဖြာသွားတဲ့ သားငယ်ရဲ့ဇနီး
အသံပါဝါ ကောင်းကောင်းနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ သူကတော့ အဆိုတော် သားငယ်ပဲ ဖြစ်ပါတယ်။ သားငယ်ဟာ Myanmar Idol မှာ ဝင်ရောယှဉ်ပြိုင်ရင်း ဂီတလမ်းမှာ လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။
ရင်ထဲထိရောက်စေတဲ့ သီချင်း Album များလည်း ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကိုလည်း ရရှိခဲ့ပါတယ် ။ လက်ရှိမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ထားတဲ့ သားငယ်ဟာ
အဆိုတော်မဖြစ်ခင်ကတည်းက လုပ်ကိုင်နေတဲ့ သူ့ရဲ့ အကြေ ာ်ရောင်းတဲ့အလုပ်ကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ သားငယ်တို့ ဇနီးမောင်နှံဟာဆိုရင် အိမ်ထောင်သက်အတော်ကြာခဲ့ပြီဆိုပေမယ့် သားသမီးရတနာမထွန်းကားသေးတဲ့အတွက်
တစ်ယောက်နဲ့တစ်ယောက်အဖော်ပြုရင်း ဆိုးတူကောင်းဘက် လက်တွဲပေါင်းသင်းနေထိုင်နေကြတာလည်း ဖြစ်ပါတယ်နော်..။ဒီကနေ့မှာဆိုရင်လည်း သားငယ်က Live လွှင့်နေမှန်းမသိပဲ ဂစ်တာတီးနေတဲ့သူကို အနမ်းလေးလာပေးတဲ့ ဇနီးသည်ကြောင့်
ရှက်သွားခဲ့ပုံကို “မိန်းမရာ ………မင်းကွာ 😬…” ဆိုပြီး ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ် ။ သားငယ်က လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုရပ်နားထားပြီး ဇနီးသည်နဲ့အတူတူ ပြင်ဦးလွင် ၂၁ မိုင်မှာ
ပဲစိမ်းကြော်ရောင်းချတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ် ။ သားငယ်တို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ အမြဲထာဝရ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော် ။
Source: Thar Nge ‘s fb
Credit
Zawgyi
Source: Thar Nge ‘s fb
Creditmdatenews
mdatenews