ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် မနောကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ မနောကတော့ ရဟန်းဝတ်နဲ့ (၁၅)ရက်တိတိ သာသနာ့ဘောင်ကိုမှာ တရားအားထုတ်ခဲ့ပြီး ဒီနေ့မှာတော့ လူဝတ်လဲကာသာသနာ့ဘောင်ကနေ ထွက်လာခဲ့ပါတယ်။
သာသနာ့ဘောင်မှာ (၁၅)ရက်တာကာလ ဝင်ရောက်ပြီး ဒီနေ့မှာ လူဝတ်လဲထွက်လာခဲ့ကြောင်း “ငပိသည်အနားသွားတော့ ငပိနံ့ နံတယ်။ ပန်းသည်အနားရောက်တော့ မွှေးနေတာပေါ့။ သူတော်စင်အနားသွားတော့ အေးချမ်းတယ်။
အသိပညာရပြီး ကောင်းကံတွေပြုခွင့်ရတယ်။ ရဟန်း သောဘန ဘဝနဲ့( ၁၅)ရက်ဝတ်ခဲ့တယ်။ ခုတော့လည်းငပိသည်အနား ပြန်ရောက်လို့ ပန်းသည်အနားခဏခဏသွားချင်နေမိတယ်။” ဆိုပြီး ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။
Celethadinsone ပရိသတ်ကြီးရေ မနောက နောက်ထပ်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့အတူ ရဟန်းဝတ်နဲ့ သာသနာ့ဘောင်ကိုအတူတူဝင်ရောက်ချင်သေးကြောင်းလည်း “လိုက်ကြမလား မိတ်ဆွေတို့ရေ နောက်ထပ်ရဟန်းဝတ်ရအောင်ပေါ့”ဆိုပြီးတော့လည်း မိတ်ဆွေတွေကို အတူတူဝင်ရောက်ဖို့ ခေါ်ထားပါသေးတယ်။
CRD:Celezonemdatenews
mdatenews