တစ်နေ့ထက်တစ်နေ့ပိုလှလာအောင် ဘာတွေများလုပ်လဲလို့မေးလာတဲ့ နေရဲကို ချစ်စရာကောင်းအောင်ပြန်ဖြေလိုက်တဲ့ ရွှေသမီး

တစ်နေ့ထက်တစ်နေ့ပိုလှလာအောင် ဘာတွေများလုပ်လဲလို့မေးလာတဲ့ နေရဲကို ချစ်စရာကောင်းအောင်ပြန်ဖြေလိုက်တဲ့ ရွှေသမီး

ရွေသမီး ကတော့ မြန်မာဇာတ်လမ်းတွေမှာ ကျရာနေရာကနေပါဝင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းကိုအခိုင်အမာရရှိထားသူလေး ဖြစ်ပါတယ်နော်။သူမက ချစ်စရာကောင်းတဲ့အပြုံးတွေကိုလည်း ပိုင်ဆိုင်ထားပြီးလှပတဲ့အသားအရည်ကြောင့်မိန်းကလေးချင်းတောင်

ငေးကြည့်ချင်ရလောက်အောင်လှပသူလေး ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်နေတဲ့ ရွှေသမီးဟာ “ချည်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “သုံးရောင်ခြယ်” ရုပ်ရှင်ဇာတ်ကားကြီးတို့မှာ ပရိသတ်အားပေးမှုကို တစ်ဟုန်ထိုးရရှိခဲ့သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

ရွှေသမီးဟာဆိုရင် အနုပလောကမှာ အတူအလုပ်လုပ်ကိုင်နေတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း ရင်းနှီးမှုရှိတဲ့အပြင် ဒီကနေ့မှာလည်း သူမရဲ့ ပုံအောက်မှာ “အရမ်းတွေချောလာအောင် ဘာတွေလုပ်လဲ…ပြောပြပေးပါအမရေ?” ဆိုပြီး မေးခွန်းထုတ်တဲ့ နေရဲကို “စားလို့ရတာမှန်သမျှ

အကုန်စားပေးရတယ် မောင်လေး လုံးဝမရှောင်နဲ့ ပြီးရင် ဝိတ်ပြန်ချ ဝိတ်ကျသွားရင် ပြန်စား ဒီလိုနည်းနဲ့ဘဲ အလှတွေ ပိုပို တိုးလာပါတယ် မောင်လေးရယ်နားလည်ဖို့မျှော်လင့်ပါတယ် ပုံ/မမရွှေ” ဆိုပြီး ချစ်စရာကောင်းစွာ ပြန်ဖြေခဲ့ပါတယ် ။ ရွှေသမီးနဲ့ နေရဲတို့ကတော့ ဇာတ်ကားတွေကို

အတူတူရိုက်ကူးခဲ့ဖူးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေလည်း ဖြစ်ပါတယ် ။ ချစ်စရာကောင်းအောင်ပြောတဲ့ သူနဲ့ ချစ်စရာကောင်းအောင် ပြန်ဖြေတဲ့ အနုပညာ မောင်နှမနှစ်ယောက်ကို ပရိတ်သတ်တွေလည်း အရမ်းကိုသဘောကျနေမယ်လို့ထင်ပါတယ်နော် ။

Source: ရွှေသမီး – Shwe Tha Mee’s fb

Credit

Zawgyi

တစ္ေန႔ထက္တစ္ေန႔ပိုလွလာေအာင္ ဘာေတြမ်ားလုပ္လဲလို႔ေမးလာတဲ့ ေနရဲကို ခ်စ္စရာေကာင္းေအာင္ျပန္ေျဖလိုက္တဲ့ ေ႐ႊသမီး

ေ႐ြသမီး ကေတာ့ ျမန္မာဇာတ္လမ္းေတြမွာ က်ရာေနရာကေနပါဝင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ျခင္းကိုအခိုင္အမာရရွိထားသူေလး ျဖစ္ပါတယ္ေနာ္။သူမက ခ်စ္စရာေကာင္းတဲ့အၿပဳံးေတြကိုလည္း ပိုင္ဆိုင္ထားၿပီးလွပတဲ့အသားအရည္ေၾကာင့္မိန္းကေလးခ်င္းေတာင္ ေငးၾကည့္ခ်င္ရေလာက္ေအာင္လွပသူေလး ျဖစ္ပါတယ္။

႐ုပ္ရွင္ဇာတ္ကားႀကီးေတြမ်ားစြာမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနတဲ့ ေ႐ႊသမီးဟာ “ခ်ည္”႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ “သုံးေရာင္ျခယ္” ႐ုပ္ရွင္ဇာတ္ကားႀကီးတို႔မွာ ပရိသတ္အားေပးမႈကို တစ္ဟုန္ထိုးရရွိခဲ့သူေလးတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ေ႐ႊသမီးဟာဆိုရင္ အႏုပေလာကမွာ အတူအလုပ္လုပ္ကိုင္ေနတဲ့ အႏုပညာညီအစ္ကိုေမာင္ႏွမေတြနဲ႔လည္း ရင္းႏွီးမႈရွိတဲ့အျပင္

ဒီကေန႔မွာလည္း သူမရဲ႕ ပုံေအာက္မွာ “အရမ္းေတြေခ်ာလာေအာင္ ဘာေတြလုပ္လဲ…ေျပာျပေပးပါအမေရ?” ဆိုၿပီး ေမးခြန္းထုတ္တဲ့ ေနရဲကို “စားလို႔ရတာမွန္သမွ် အကုန္စားေပးရတယ္ ေမာင္ေလး လုံးဝမေရွာင္နဲ႔ ၿပီးရင္ ဝိတ္ျပန္ခ် ဝိတ္က်သြားရင္ ျပန္စား ဒီလိုနည္းနဲ႔ဘဲ အလွေတြ ပိုပို တိုးလာပါတယ္ ေမာင္ေလးရယ္နားလည္ဖို႔ေမွ်ာ္လင့္ပါတယ္ ပုံ/မမေ႐ႊ” ဆိုၿပီး

ခ်စ္စရာေကာင္းစြာ ျပန္ေျဖခဲ့ပါတယ္ ။ ေ႐ႊသမီးနဲ႔ ေနရဲတို႔ကေတာ့ ဇာတ္ကားေတြကို အတူတူ႐ိုက္ကူးခဲ့ဖူးၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္သလို အျပင္မွာလည္း ခင္မင္ရင္းႏွီးၾကတဲ့သူငယ္ခ်င္းေတြလည္း ျဖစ္ပါတယ္ ။ ခ်စ္စရာေကာင္းေအာင္ေျပာတဲ့ သူနဲ႔ ခ်စ္စရာေကာင္းေအာင္ ျပန္ေျဖတဲ့ အႏုပညာ ေမာင္ႏွမႏွစ္ေယာက္ကို ပရိတ္သတ္ေတြလည္း အရမ္းကိုသေဘာက်ေနမယ္လို႔ထင္ပါတယ္ေနာ္ ။

Source: ေ႐ႊသမီး – Shwe Tha Mee’s fb

Creditmdatenews

mdatenews