စာဖတ်သူတို့အနေဖြင့်ရော ခရီးတစ်ခုခုသွားခြင်းကြောင့်လည်းကောင့် ကိစ္စတစ်ခုခုလုပ်ခြင်းကြောင့်လည်းကောင်း ပစ္စည်းများကို မေ့ကျန်ခဲ့ခြင်းမျိုး ဖြစ်ဖူးကြပြီလား။
လူသားတို့၏ မှတ်ညဏ်ဟာ မေ့တတ်သောအကျင့်ပါလာခဲ့ပြီး မမေ့တတ်ဘူးဆိုရင် လူသားတစ်ယောက်မဟုတ်ဘူးဟုပင် သိပ္ပံပညာရှင်များက ဖွင့်ဆိုထားတာဖြစ်ပါတယ်။
သို့သော်လည်း မမေ့လျော့သင့်သည့် ကိစ္စများကိုတော့ မမေ့သင့်ဘဲ အမြဲသတိရှိနေရပေမည်။ယခုတွင်လည်း မိခင်တစ်ဦးဟာ သမီးလေးနှင့်အတူ တက္ကစီဆိုငှားစီးခဲ့တာဖြစ်ပါတယ်။ထို့နောက်သွားချင်တဲ့နေရာကို ရောက်သောအခါ အမျိုးသမီးဟာ သူ၏သမီးငယ်လေးကို ကားထဲတွင့်မေ့ခဲ့ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ကားမောင်းသူ၏ စေတနာကောင်းမှုတို့ကြောင့် ကားမောင်းသမားလေးဟာ ကလေးကိုပြန်လာခေါ်မည့်အချိန်ထိ စောင့်နေခဲ့ပြီး မိခင်၏မေ့လျော့မှုကို စိတ်တိုခြင်းမရှိဘဲ နားလည်လက်ခံပေးခဲ့တာဖြစ်ပါတယ်။
CRD: (Cele Daily)mdatenews
mdatenews