မိသားစု အမှတ်တရရိုက်ကူးထားတဲ့ အလန်းစားပုံလေးတွေကို သမီးလေး (၃) နှစ်ပြည့်မွေးနေ့မှာဝေမျှလာတဲ့ စန္ဒီမြင့်လွင်
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်လောကမှာတင်မကပဲ ဂီတလောကမှာပါပရိတ်သတ်အခိုင်အမာနဲ့ အောင်မြင်မှူ့တစ်ခုကို စွဲကိုင်ထားနိုင်တာက တော့ စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ် ။ တေးသီချင်းများစွာကိုချိုမြတဲ့အသံနဲ့
စည်းချက်ညီစွာသီဆိုင်နိုင်မှူ့ကြောင့် ပရိတ်သတ်ကလေးစား ချစ်ခင်နေရတာပဲဖြစ်ပါ တယ်..။ လက်ရှိမှာလည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း
အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်။ ထရက်ရှာလေးက အသက်ငယ်သေးပေမယ့်လည်း မေမေနဲ့အတူ ကြော်ငြာများမှာပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်..။ သမီးလေးရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ဒီးဒီတို့ဇနီးမောင်နှံက
ဗီဒီယိုနဲ့ ဓာတ်ပုံတွေအမြဲမှတ်တမ်းတင် ရိုက်ပေးထားကြတာဖြစ်ပါတယ်။ အခုလည်း သမီး လေးရဲ့ (၃) နှစ်ပြည့်မွေးနေ့လေးမှာ မိသားစုအမှတ်တရအနေနဲ့ အမိုက်စားပုံလေးတွေ ဖန်တီးရိုက်ကူးကာ ဝေမျှလာပါတယ်။ ပုံတွေနဲ့အတူ ” Treasure ၃ နှစ်ပြည့် မိသားစု
အမှတ်တစ်ရ ပုံရိုက်ကြတယ် Happy birthday to our princess ??? ” လို့ဆိုတဲ့ စာလေးကိုလည်း ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော် ။ စာဖတ်ပရိတ်သတ်ကြီးလည်း Treasure လေးရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးတွေ ပြောသွားပေးခဲ့ပါဦးနော်.. ။
Photo – Sandy Myint Lwin
Zawgyi
Photo – Sandy Myint Lwin
mdatenews
mdatenews