အမှတ်မထင် ဖြစ်သွားတဲ့ အမှားလေးတစ်ခုအပေါ် ပရိတ်သတ်တွေ အထင်လွဲမှာဆိုးလို့ ချစ်စဖွယ် တောင်းပန်လိုက်တဲ့ စိုးပြည့်သဇင်
အမှတ်မထင် ဖြစ်သွားတဲ့ အမှားလေးတစ်ခုအပေါ် ပရိတ်သတ်တွေ အထင်လွဲမှာဆိုးလို့ ချစ်စဖွယ် တောင်းပန်လိုက်တဲ့ စိုးပြည့်သဇင်
လှပတဲ့ မျက်ခုံး၊ မျက်လုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန်
ဆွတ်ခူးရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို အဆိုတော်လည်းတော်တဲ့ စိုးပြည့်သဇင်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအဖြစ် အနည်းအကျဉ်းသာရှိပြီး အွန်လိုင်း Live Sale တွေကိုပဲ
ရောင်းချပေးနေလျက်ရှိတာကို တွေ့ရပါတယ်။ ဒီကနေ့မှာဆိုရင်တော့ စိုးပြည့်သဇင်က Facebook error တစ်ခုကြောင့် အမှားအယွင်းဖြစ်သွားခဲ့တာနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေ အချစ်ပိုအောင် ခုလို တောင်းပန်စကား ဆိုလာခဲ့တာပဲ
ဖြစ်ပါတယ်နော် ။ စိုးပြည့်က “ဒီနေ့live လေးက…fb error ကြောင့် မန့်တွေမမြင်ရလို့… ရက်ရွှေ့သွားပါတယ်ရှင် ။ ပထမတော့ ခလေးလေးတစ်ဦးထဲဖြစ်တာထင်တာ?ခလေးလေးလန့်သွားတာပေါ့နော်။ ဘာဖြစ်တာလဲဆိုပြီးမေးမှ live saleအားလုံးတိုင်းမန့်တွေကဖတ်မရကြဘူးဖြစ်သွားကြလို့ပါ ။
fb ရဲ့errorလေးပါ ။ တနဂ်နွေနေ့မှပြန်ဆုံကြမယ်နော်။ အားလုံးဘဲ good nightပါ..??ခလေးလေးကအားလုံးကိုချစ်ပါတယ်နေ ာ်။ ပုံ/ခလေးလေး?” ဆိုပြီး ချစ်စဖွယ်လေး တောင်းပန်လာပါတယ်။ မထင်မှတ်ပဲဖြစ်သွားတဲ့ အမှားအယွင်းလေးတစ်ခု အပေါ်
ပရိတ်သတ်တွေစိတ်ကျေနပ်အောင်တောင်းပန်စကားဆိုခဲ့တဲ့ စိုးပြည့်ရဲ့စိတ်ဓာတ်လေးကတကယ်ကိုချစ်စရာလေးပါနော်။အပြောအဆို အမြဲတမ်း ညက်ညောလှတာလေးကလည်း
စိုးပြည့်နဲ့သူများနဲ့မတူတဲ့အားသာချက်တစ်ခုလိုဆိုရမှာပဲဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ စိုးပြည့်ရဲ့အပြောအဆိုလေးကြည့်ပြီး စိတ်ဆိုးချင်စိတ်တွေတောင်ရှိတော့မယ် မထင်ပါဘူးနေ ာ်။
Source: Soe Pyae Thazin ‘s fb
Credit
Zawgyi
Credit
mdatenews
mdatenews