Media Update News

News Media Website

Cele

PDFလူငယ်လေးတွေနဲ့ မောင်နှမတွေလိုမျိုးခင်မင်ရင်းနှီးလို့ စားပွဲဝိုင်းတစ်ဝိုင်းတည်းမှာပဲ ရှိတဲ့ဟင်းလေးနဲ့ ထမင်းအတူတူလက်ဆုံစားနေတဲ့ ထားထက်ထက်

 

 

အနုပညာလောကမှာ နာမည်ရနေပြီးသားဖြစ်တဲ့ ထားထက်ထက်ကတော့ အခုချိန်မှာ ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ပြီး သူမရဲ့အနာဂတ်ကိုစွန့်လွှတ်ထားတာဖြစ်ပါတယ်။ထားထက်ထက်က လွတ်မြောက်နယ်မြေမှာရောက်ရှိနေပြီ

 

 

 

PDF တွေအတွက်လည်း အလှူငွေတွေနဲ့ ထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။သူမကတော့ မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် ယောက်ျားသားတွေနဲ့အတူရင်ဘောင်တန်းပြီး သတ္တိအပြည့်နဲ့ တောထဲမှာနေထိုင်နေတာဖြစ်ပါတယ်။

 

 

ထားထက်ထက်ရဲ့လုပ်ရပ်တွေကို ပရိသတ်တွေကလည်း ချီးကျူးကြပြီး အရင်ကထက် ပိုမိုအားပေးလာကြတာဖြစ်ပါတယ်။ဒါ့အပြင် တချို့စေတနာရှင်တွေကလည်း ထားထက်ထက်ကိုယုံကြည်လို့ အလှူငွေတွေထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။

 

 

သူမကလည်း ရရှိလာတဲ့ငွေကြေးတွေကို စည်းစနစ်တကျနဲ့ တကယ်လိုအပ်တဲ့နေရာတွေအတွက် ပြန်လည်လှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ထားထက်ထက်တို့အဖွဲ့က PDF တွေအတွက်အလှူငွေ သိန်း(၂၀) ကို ထောက်ပံ့လိုက်တာဖြစ်ပါတယ်။

 

 

သူမကတော့ ရဲဘော်တွေနဲ့အတူ မောင်နှမတွေလို ချစ်ချစ်ခင်ခင်နေထိုင်ပြီး တတ်နိုင်တဲ့နေရာကနေ ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း PDF လူငယ်လေးတွေနဲ့အတူ ထားထက်ထက်က လက်ရည်တပြင်တည်းထမင်းစားနေတာဖြစ်ပါတယ်။

 

 

 

 

ထမင်းဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်ကြပြီး ရှိတဲ့ဟင်းလေးနဲ့ပဲ ပျော်ရွှင်စွာလက်ဆုံစားနေကြတာဖြစ်ပါတယ်။ထားထက်ထက်ကတော့ PDF လူငယ်လေးတွေနဲ့အတူ ဒုက္ခအခက်အခဲတွေကိုရင်ဆိုင်ပြီး အပြန်အလှန်ဖေးမကူညီနေတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

 

 

CRD:MMLoad

mdatenews

mdatenews