တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်လွန်းသူ မင်းမော်ကွန်းအတွက် စကားတစ်ခွန်းလူကြုံပါးလိုက်တဲ့ KIA ရဲဘော်တစ်ဦး
မနေ့ညက လူမှုကွန်ယက်တွင်တက်လာတဲ့ ဓာတ်ပုံလေးတစ်ပုံကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဒါကတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဇနီးနဲ့ သားလေးမှ မှိုချိုးနေတဲ့ ပုံလေးကို သရုပ်ဆောင် မင်းမော်ကွန်းရဲ့ Facebook အကောင့်တွင် တင်လာခဲ့တာ ဖြစ်ပါတယ်။
ဒီပုံလေးကိုကြည့်ပြီး ပြည်သူများသာမက အနယ်နယ် အရပ်ရပ်တွင် တော်လှန်ရေးအတွက်ရောက်ရှိနေတဲ့ ရဲဘော်များအားလုံးက မင်းမော်ကွန်းရဲ့ တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်မှုကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်က KIA တပ်မှ ရဲဘော်တစ်ဦးရဲ့ လူမှုကွန်ယက်တွင် သူငယ်စဉ်ကတည်းကသဘောကျရတဲ့ မင်းသား မင်းမော်ကွန်းဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့တဲ့အပြင် အခုချိန်ထိ တော်လှန်ရေးအတွက် အားမလျော့ဘဲ ပါဝင်နေတာကို ကြည့်ပြီး ချီးကျူးစကားရေးသားထားတာ ဖြစ်ပါတယ်။
မင်းသားဟာ သပိတ်ကာလကနေ အခုချိန်ထိ တောထဲတောင်ထဲ ဇနီးသားသမီးများပါ လိုက်ပါလာရတဲ့အထိပါဝင်ပေးနေတာကို မြင်တွေ့ရတဲ့အတွက် အရင်ကထက်ပိုပြီး အချစ်ပိုရကြောင်း ရေးသားထားပါတယ်။ တောင်ပေါ်ကျောက်ငါးလူးနဲ့ ထမင်းမြိန်အောင် ကျွေးချင်တဲ့အတွက် အရေးတော်ပုံအောင်မြင်သွားတဲ့အခါ ကချင်ဒေသကိုမိသားစုလိုက် လာလည်ဖို့ မင်းမော်ကွန်းကို လူကြုံပါးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ရဲဘော်တွေကလည်း မင်းသားကို ချစ်ခင်အားပေးနေကြောင်းကိုလည်း ရေးသားပြောပြထားပါသေးတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံအရေးတွင် ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ပေးကြတဲ့အခြားသော အနုပညာရှင်တွေလည်း များစွာရှိပါတယ်။
မိသားစုများနဲ့ခွဲခွာပြီး တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေကြတဲ့ အနုပညာရှင်များအားလုံးလည်း ချစ်ခင်ရသူများနဲ့ အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
CRD:MMLoad mdatenews
mdatenews