တောထဲရောက်နေတဲ့ခင်ပွန်းရဲ့နောက်ကို ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့လိုက်လာပြီး လိုအပ်တာတွေဖြည့်ဆည်းလုပ်ကိုင်ပေးနေတဲ့ မင်းမော်ကွန်းရဲ့ချစ်ဇနီ

သရုပ်ဆောင်မင်းမော်ကွန်းကတော့ စိတ်ဓာတ်အရမ်းပြင်းပြသူဖြစ်လို့ ဒီမိုကရေစီအောင်ပွဲရဖို့အတွက် တစ်ထောင့်တစ်နေရာကနေကြိုးစားနေတာဖြစ်ပါတယ်။မင်းမော်ကွန်းက အခုချိန်မှာ လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး

 

 

ရဲဘော်တွေနဲ့အတူ အပြင်းအထန်လေ့ကျင့်နေတာပဲဖြစ်ပါတယ်။တောထဲမှာနေရတာကြောင့် အိမ်မှာလိုတော့အဆင်မပြေပေမယ့် အဖွဲ့ဝင်တွေရဲ့ ဒုက္ခအခက်အခဲတွေကိုလည်းမျှဝေခံစားပေးပြီး သူတတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။

 

 

မင်းမော်ကွန်းရဲ့ချစ်ဇနီးကလည်း ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ ခင်ပွန်းနောက်ကိုလိုက်လာပြီး လိုအပ်တာတွေကိုဖြည့်ဆည်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့ဇနီးမောင်နှံက ရှေ့သွားနောက်လိုက်ညီပြီးအေးအတူပူအမျှချစ်ခင်ကြင်နာကြတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။

 

 

 

မနေ့ကဆိုရင်တော့ မင်းမော်ကွန်းရဲ့ဇနီးနဲ့သားငယ်လေးက တောထဲမှာ ဟင်းချက်စားလို့ရအောင် မှိုချိုးနေကြတာဖြစ်ပါတယ်။အခုလိုမိုးရာသီကာလမှာ တောထဲတွင်လည်း အလေ့ကျပေါက်တဲ့မှိုတွေပေါများနေတာပဲဖြစ်ပါတယ်။

 

 

မင်းမော်ကွန်းကလည်း မှိုချိုးနေတဲ့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း မင်းမော်ကွန်းတို့ဇနီးမောင်နှံရဲ့စိတ်ဓာတ်တွေကို အရမ်းလေးစားနေကြပြီး သားလေးကိုဂရုစိုက်ဖို့ မေတ္တာနဲ့မှာနေကြတာဖြစ်ပါတယ်။

 

 

မင်းမော်ကွန်းတို့မိသားစုတွေလည်း အစစ၊အရာရာအဆင်ပြေပြီး အန္တရာယ်ကင်းဘေးရှင်းပါစေလို့ ဆုတောင်းပေးရင်း သူတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

 

CRD:MMLoad

mdatenews

mdatenews