စူးရှထက်ကတော့ အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါ။ ပွင့်လင်းစွာပြောဆိုတဲ့ သူမရဲ့ အပြောလေးတွေကြောင့် လူချစ်လူခင်ပေါများပြီး အနုပညာလှုပ်ရှားမှုများစွာကို လုပ်ကိုင်ရတာလည်းဖြစ်ပါတယ်။
ခုလို ကာလတွေမှာလည်း ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့သလို လိုအပ်တဲ့ နေရာတွေမှာလည်း တတ်နိုင်သလောက် အစွမ်းကုန် လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။ သူမကိုယ်တိုင် ခြိုးခြံ ချွေတာပြီး ရှိသမျှအကုန် လိုက်လံ လှူဒါန်းပေးနေတာ လေးစားစရာပါပဲ ။
ယနေ့မှာဆိုရင်လည်း ဈေးတွေ အရမ်းတက်နေတဲ့ Mask တွေကို ဝယ်ယူရန် ခက်ခဲနေတဲ့ ပြည်သူတွေ အဆင်ပြေစေရန် ရည်ရွယ်ပြီး တစ်ထုပ်ကို ငွေကျပ် (၂၀၀) နဲ့ ရောင်းချပေးခဲ့ပါတယ် ။
လာရောက်ဝယ်ယူကြသူတွေများစွာရှိလို့ ပီတိဖြစ်နေကြောင်းလည်း ရေးသားထားပါတယ် ။ ပရိသတ်ကြီးအတွက် စူးရှထက်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။
Credit– Cele Zonemdatenews
mdatenews