မော်လ်ဒယ်သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။
အခြေအရပ်ရပ်ကြောင့် စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာလည်း စားဝတ်နေရေး အခက်အခဲရှိနေတဲ့ လက်လုပ်လက်စား ပြည်သူတွေ အတွက် လိုအပ်တာတွေ လှူဒါန်းခဲ့ပါတယ် ။
ဒါ့အပြင် ခုလို ကိုဗစ်ကာလတွေမှာလည်း ပရိသတ်တွေနဲ့ စုပေါင်းကာ အောက်ဆီဂျင် ဝယ်ရန် အလှူအတွက် လည်း အလှူငွေများ လှူဒါန်းခဲ့ပါတယ် ။
အခုလည်း အလှူရှင်တွေနဲ့ စုပေါင်းပြီး လူနာတွေ ပို့ဆောင်ရ အဆငိပြေစေရန် လူနာတင်ကား တစ်စီးကို ပရဟိတ အသင်းအား လှူဒါန်းခဲ့ပါတယ် ။ အလှူနဲ့ ပတ်သက်ပြီးလည်း “လှိုင်သာယာမှ အနာဂတ်အလင်းရောင်ပရဟိတအသင်းသို့ လူနာတင်ယာဉ်ကားအလှု ဆောင်းယွန်းနဲ့ ခုနှစ်ရက်သားသမီးများ အလှုပါရှင့် ကုသိုလ်ထပ်တူရပါစေ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
CRD– Cele Zone
mdatenews
mdatenews