ကုန်ပစ္စည်းတစ်ခုရဲ့ Review ဗီဒီယိုတစ်ခုတင်ခဲ့မိတာကြောင့် ၎င်းကုမ္ပဏီမှသူမနဲ့လုံးဝပတ်သက်မှုမရှိကြောင်းတုန့်ပြန်ခဲ့လို့ အရှက်တွေကွဲခဲ့ရတဲ့ နေခြည်ဦး

 

 

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ အခုကာလမှာ ပရိသတ်တွေ ဝိုင်းပြီး social Punishment လုပ်ထားတာကြောင့်Facebook တောင် မသုံးရဲဘဲ Instagram မှာပဲ သူ့ရဲ့တစ်နေ့တာအကြောင်းတွေကို တင်နေရပါတယ်နော်။ လွန်ခဲ့တဲ့တစ်ရက်လောက်ကလည်း

 

 

အလှကုန်ပစ္စည်းတစ်ခု review ရေးခဲ့တဲ့အတွက် ပရိသတ်များမှ နေခြည်ဦးတင်ခဲ့တဲ့ပစ္စည်းတွေကို မဝယ်ကြဖို့ တင်နေကြပါတယ်နော်။ ဒီအဖြစ်တွေကို သိသွားတဲ့ ကုမ္ပဏီမှ နေခြည်ဦးနဲ့ ပတ်သက်တဲ့ဖြေရှင်းချက်တစ်ခု ထုတ်ပြန်လာခဲ့ပါတယ်နော်။

 

 

” ⚠️ ????????? ?????? ⚠️ယခု social media ပေါ်တွင် ပြန့်နှံ့လျှက်ရှိသောနေခြည်ဦးနှင့်သူ၏ Instagram Story တွင်ကြော်ငြာထားသောWonder Bath Brand သည်နေခြည်ဦးနှင့်အတူမည်သည့်အခါကမှလက်တွဲလုပ်ကိုင်ခြင်းမရှိခဲ့ပါကြောင်းနှင့် မလိုလားအပ်သောပြသနာများပေါ်ပေါက်လာမည်ကို မလိုလားသောကြောင့် Wonder Bath customer များအားအထူးလေးစားစွာအသိပေးအပ်ပါသည်။

 

 

နောက်နောင်တွင်လည်း သူမနှင့်လက်တွဲလုပ်ကိုင်မည်မဟုတ်ကြောင်းအတိအလင်းကြေငြာအပ်ပါသည်… ယခုဖြစ်ရပ်သည်လဲသူမ​၏စိတ်သဘောထားဖြင့်သာပြုလုပ်ချင်းဖြစ်ပြီး Wonder Bath Myanmar နှင့်မသက်ဆိုင်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်

 

 

Wonder Bath Myanmar နှင့်လက်တွဲလုပ်ကိုင်ခဲ့ဖူးသူများမှာ1. Kelvin2. Yayy Yayy3. Carrieတို့နှင့်သာလက်တွဲ လုပ်ကိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀၂၁ မှစ၍မည့်သည့် celebrity များနှင့် Activity များပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါကြောင်း…ပြည်သူနဲ့အမြဲရပ်တည်လျက် ?????? ???? ??????? ” လို့ ကုမ္ပဏီ Page တွင် တင်လာပါတယ်နော်။

 

 

 

Credit ; Celebrity Platformmdatenews

mdatenews