နောက်ဘဝဆိုတာရှိရင် ချစ်ခင်ပွန်းသက်ရှည်ကျန်းမာဖို့ဆုတောင်းရင်း Vitamin (22)မျိုးပါတဲ့ ဖြည့်စွက်စာတွေကိုလှူဒါန်းလိုက်တဲ့ ရွှေရည်သိန်းတန်

အဆိုတော်ရွှေရည်သိန်းတန်ကတော့ ခင်ပွန်းကို မကြာသေးခင်ကမှ ပူပူနွေးနွေးဆုံးရှုံးထားရလို့ ခံစားနေရပေမယ့်လည်း အလုပ်တွေကိုတစိုက်မက်မက်လုပ်ဆောင်ပြီး စိတ်ဓာတ်ခိုင်မာအောင် ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။

 

 

ရွှေရည်သိန်းတန်ရဲ့ ပရိသတ်တွေကလည်း သူမကိုအားပေးစကားတွေနဲ့နှစ်သိမ့်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့ပူဆွေးသောကဖြစ်နေမှုကိုလည်း ကိုယ်ချင်းစာပေးနေကြပြီး ထပ်တူဝမ်းနည်းနေကြတာဖြစ်ပါတယ်။ရွှေရည်သိန်းတန်က ချစ်ခင်ပွန်း ဘဝကူးကောင်းဖို့အတွက် ကုသိုလ်ကောင်းမှူတွေလည်းများစွာလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

 

 

 

အခုဆိုရင်လည်း နော်ဝေးက Vitamin (22) မျိုးပါတဲ့ ဖြည့်စွက်စာတွေရောက်လာလို့ လိုအပ်သူတွေကို ပြန်လည်လှူဒါန်းလိုက်တာဖြစ်ပါတယ်။ဒီကာလမှာ ကျန်းမာရေးကောင်းအောင် အာဟာရပြည့်ဝစွာစားသောက်နေထိုင်ဖို့လိုအပ်ပေမယ့် တချို့အခြေခံပြည်သူတွေအတွက်ဆိုရင် ဝမ်းရေးတောင်ခက်ခဲကြပ်တည်းနေကြတာဖြစ်ပါတယ်။

 

 

ဒါ့ကြောင့် ရွှေရည်သိန်းတန်က လိုအပ်နေသူတွေကိုဦးစားပေးပြီးလှူဒါန်းနေတာကြောင့် ဖြည့်စွက်စာမလောက်လို့ မရောက်ခဲ့ရင်ခွင့်လွှတ်ပေးပါဆိုပြီးရေးသားထားတာဖြစ်ပါတယ်။သူမရဲ့ကုသိုလ်ကြောင့် သွားလေသူချစ်ခင်ပွန်းလည်း နောက်ဘဝဆိုတာရှိရင်

 

 

သက်ရှည်ကျန်းမာပါစေဆိုပြီး ဆုတောင်းလိုက်တာဖြစ်ပါတယ်။ရွှေရည်သိန်းတန်ကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို တတ်နိုင်သလောက်လှူဒါန်းနေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

 

CRD:MMLoadmdatenews

mdatenews