ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီးခိုင်နှင်းဝေကတော့ ဒီတစ်ခေါက်မှာတော့ အလှူလေးကို ရန်ကင်းကလေးဆေးရုံအတွက် လှူဒါန်းပေးခဲ့ပါတယ်။ အခုတစ်ခေါက်အလှူလေးကလည်း ခိုင်နှင်းဝေက သူ့ရဲ့ဦးဆောငးမှုနဲ့ သူ့ရဲ့အလှူရှင်တွေစုပေါင်းလှူဒါန်းထားတဲ့ အလှူငွေတွေထဲကနေလှူဒါန်းတဲ့ အလှူလေးပါတဲ့။
ရန်ကင်းကလေးဆေးရုံမှာ တက်ရောက်နေတဲ့ကလေးတွေအတွက် Oxygen Concentrator(3)လုံး၊ 40L အိုး (၃) အိုး နှင့် ဆက်စပ် ပစ္စည်း အစုံ (စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း(၅၀)ဝန်းကျင်ခန့်)တို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ (၇)ရက်သားသမီးအလှူရှင်တွေနဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ အလှူလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။
ပရိသတ်တွေကလည်း ခိုင်နှင်းဝေနဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေခဲ့ကြပြီး ခိုင်နှင်းဝေရော အလှူရှင်တွေရော နောက်နောင်ဒီထပ်မကလှူဒါန်းနိုင်စေဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်။
CRD – Cele Zonemdatenews
mdatenews