မော်လမြိုင်က ဆရာတော်တစ်ပါးကြောင့်မွေးစားဖို့လုပ်ထားတဲ့ကလေးငယ်လေး လမ်းတစ်ဝက်ကနေလှည့်ပြန်သွားတဲ့အကြောင်းပြောပြလာတဲ့ ခိုင်နှင်းဝေ

 

မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူ ထိန်းသိမ်း စောင့်ရှောက်ပေးနေသူကတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုရင် သူမက လူမှုကူညီရေး ပရဟိတတွေကိုလည်း အစွမ်းကုန် လုပ်ကိုင်နေသလို

 

 

မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။ မနေ့ကဆိုရင်လည်း မော်လမြိုင်မြို့ မုဒုံရွာမှာ စိတ်မနှံ့တဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်က မီးဖွားပြီး ကလေးကို ဇရပ်မှာ ပစ်ထားခဲ့တယ်ဆိုတဲ့

 

 

သတင်းကို ကြားသိသိချင်း မွေးစားရန် လိုအပ်တာများ ချက်ချင်းစီစဉ်ခဲ့တာကို တွေ့ရပါတယ် ။ တစ်ရက်သားပဲရှိသေးတာကြောင့် ခိုင်နှင်းဝေအနေနဲ့ ကလေးငယ်လေးကို အတော်လေး စိတ်ပူခဲ့ပါတယ် ။ ဒီကနေ့မှာတော့ ကလေးငယ်လေးကို ခေါ်ယူမွေးစားရန် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သူမဆီ လာရောက်ပို့ဆောင်ကြပေမယ့် ခရီးတစ်ဝက်မှာတင် မော်လမြိုင်မြို့ မှာရှိတဲ့ ဆရာတော်တစ်ပါးက

 

 

ကလေးကိုမွေးစား ပေးမည်ဖြစ်ကြောင်း သူမအား အကြောင်းကြားလာတယ်လို့ဆိုပါတယ် ။ ကလေးငယ်လေးကို မမွေးစားဖြစ်တော့တဲ့ အကြောင်းစုံကိုလည်း ” မုဒုံရွာမှ သားလေးကို ဒီနေ့ ကျမဆီ လာပို့ကြပါတယ်ရှင်…ရပ်ရွာမှ လူများမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း သို့ အပ်နှံပြီး ပို့ဆောင် ကူညီပေးပါတယ်…လမ်း တစ်ဝက် သို့ ရောက်သောအခါမှ ကျမတို့ဆီ ဖုန်းဝင်လာပါတယ်

 

 

ကြက်ခြေနီ အသင်း တာဝန်ရှိသူ တစ်ဦးမှ ကားပြန်လှည့်ခိုင်း ကြောင်း ၊ မော်လမြိုင် မှ ဆရာတော်တပါး မွေးစားမည် ဖြစ်ကြောင်း ပါ..ရွာမှ လူများမှလဲ ဒီကိုပဲ ပို့မည် ဖြစ်ကြောင်း ဖုန်းဆက်ပြီး ပြောတဲ့ အတွက် ကျမ အနေနဲ့ ပြေလည်အောင် ဖြေရှင်းဘို့ ကလေးကို ရွာကိုပဲ ပြန်ပို့ခိုင်းလိုက်ပါတယ်ရှင်….ကျမတို့လဲ အမြန်လမ်းကနေ လှည့်ပြန်လာခဲ့ပါပြီရှင်…”

 

 

အကြောင်းစုံရေးသား ဖော်ပြလာပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးငယ်လေး အတွက် စောင့်ရှောက်မယ့်သူ ရှိပြီး အဆင်ပြေသွားတာ ဝမ်းသားစရာပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

 

CRD-myanmarload

mdatenews

mdatenews