ချစ်ရတဲ့သားချောလးရဲ့မွေးနေ့လေးကိုထူးထူးခြားခြားလေးဆုတောင်းပေးရင်း ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာတဲ့ တစ်ချိန်ကမင်းသားချော သတ္တိ
ချစ်ရတဲ့သားချောလးရဲ့မွေးနေ့လေးကိုထူးထူးခြားခြားလေးဆုတောင်းပေးရင်း ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာတဲ့ တစ်ချိန်ကမင်းသားချော သတ္တိ
ပရိသတ်ကြီရေ တစ်ခေတ်တစ်ခါကပရိသတ်တွေသဘောကျခဲ့ရတဲ့ဗွီဒီယိုမင်းသားချောတစ်လက်ဖြစ်တဲ့ သတ္တိကို ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ် ။ အခုချိန်မှာ
အနုပညာခြေလှမ်းတွေကျဲသွားခဲ့ပေမယ့် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ် ရှိနေဆဲပါ ။ ဒီနေ့မှာတော့ သတ္တိက သူ့ရဲ့မျိုးဆက်သစ်သားချောလေးကို ပရိသတ်တွေရှေ့ကိုချပြခဲ့တာပါ။
အဖေ့ရဲ့ ချောမောမှုအမွေကိုဆက်ခံထားတဲ့ သူ့ရဲ့သားချောလေးရဲ့မွေးနေ့အတွက် အခုလိုပဲဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။”Happy birthday ..ပါ ချစ်သော သားလေးရေ…ဖေ့ဘဝ ထဲကို သားလေးစရောက် လာကတည်းက
ပြောမပြနိုင်လောက် အောင် ဝမ်းသာ ကြည်နူးပီတိဖြစ်ရပါတယ် သားရေ….သားလေးရဲ့ မျက်နှာလေးကို စမြင် လိုက်ကတည်းက ငါ့ကို ဖေဖေ လို့ခေါ်မယ့်သားလေး တယောက် ရောက်လာပြီ သား အတွက်
တချိန်မှာ အားကိုးအတုယူ လမ်းပြနိုင်မယ့် အဖေတယောက် ဖြစ်အောင် ကြိုးစား ချင်တဲ့စိတ် ခွန်းအားတွေ ဖြစ်လာတာ ပါ ။ ဖေ့ ဘဝက သားလေးရောက် လာမှ ပိုပြီး ပြည့်စုံ လာသလို အား တွေရှိလာတာပါ
သားရေ…..သားက ဖေ့အတွက်တော့ ဘုရား ကပေးတဲ့ ရတနာ တစ်ပါးပါ ….သားရဲ့ အဖေ ဖြစ်ရတာ ဖေ အရမ်း ဂုဏ်ယူ မိတယ် သားရေ….ဒီနေ့ သားလေး မွေးနေ့အတွက် အဖေ့ ရဲ့ အမှတ်တရ
စကားလေး ဖတ်ပြီး ….သားလး ဘဝမှာ ကျန်းမာ ချမ်းသာ ပညာတွေထူးချွန်ပြီး စိတ်က တတိုင်း ပြည့်စုံ ကာ မိဘကျေးဇူး သိတတ်သော သားလိမ္မာ လေးဖြစ်ပါစေ…. သားရေ”ဆိုကာ သားအဖနှစ်ာက်ရဲ့
ပုံရိပ်လေးကိုတင်လာခဲ့တာပါ။ပရိသတ်တွေလည်း အဖေတူသားချောလေး မြင့်မြတ်သတ္တိအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော် ။
Credit -CeleGabar
Soure : ThadteiThadtei
Zawgyi
Credit -CeleGabar
Soure : ThadteiThadtei
mdatenews
mdatenews
Leave a Reply
Your email address will not be published.