ပုဂံမြေရောက်အမှတ်တရပုံလေးတွေတင်လိုက်မိရာ G Fatt နဲ့ ပတ်သက်တဲ့အမှတ်တရဟောင်းတွေနဲ့ စနောက်ခြင်းခံနေရတဲ့ နန်းဆုရတီစိုး
သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင် နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ နာမည်ကြီးအနုပညာရှင်တစ်ယောက်ပီပီ ပရိသတ်တွေရဲ့
စိတ်ဝင်စားခြင်းကို အပြည့်အဝခံနေရတဲ့ နန်းဆုရတီစိုးဟာ ဒီကနေ့မှာလည်း ပုဂံမှာလျှောက်လည်နေတဲ့ဓာတ်ပုံတွေကြောင့် ရည်းစားဟောင်း G Fatt နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို စနောက်ခံနေရတာပဲဖြစ်ပါတယ် ။
နန်းဆုရတီစိုးက လတ်တလောမှာ ပုဂံဘုရားဖူးရောက်ရှိနေတာဖြစ်ပြီး ပရိသတ်တွေက နန်းဆုရတီစိုးရဲ့ ရည်းစားဟောင်း G Fatt နဲ့ ပတ်သက်ပြီး စနောက်နေကြတာပဲဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ သူမရဲ့ ပရိသတ်တွေ
ချစ်စနိုးနဲ့ စနောက်နေကြမှုအပေါ် စိတ်ဆိုးခြင်းလုံးဝမရှိပဲ သူမရဲ့သဘာဝအတိုင်း “အဲ့မှာ စနေ နောက်နေလိုက်ကြ 🤪” ၊ “အေနော် ယူတို့မပြီးဘူးနော်😒” ဆိုပြီး အေးအေးဆေးေ ဆးလေးသာ တုံ့ပြန်ခဲ့ပါတယ် ။ နန်းဆုရတီစိုးနဲ့
G Fatt တို့ကတော့ နန်းဆုရတီစိုးရဲ့ “ရူးအောင်ချစ်မယ့်သူ” ဇာတ်လမ်း MV ကို ပုဂံဒေသမှာ ရိုက်ကူးခဲ့ကြပြီး အမှတ်တရဟောင်းတွေရှိခဲ့ဖူးတာမို့ ပရိသတ်တွေက ပုဂံကိုမြင်တိုင်း နန်းဆုရတီစိုးနဲ့ G Fatt ကို တွဲလျက်မြင်ယောင်နေကြတာ ပဲ
ဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း ပုဂံမှာ လျှောက်လည်နေတဲ့ နန်းဆုရတီစိုးရဲ့ ပုံရိပ်တွေကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော် ။
Source: Nansu Yati Soe’s fb
Credit ; Cele Activw World
Zawgyi
mdatenews
mdatenews