ကလေးတွေအတွက် ဆောက်လုပ်နေတဲ့ ဂေဟာလေးပြီးစီးတော့မှာဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်းသားစရာသတင်းလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ သတင်းလေးကတော့ သူရဲ့ ကလေးတွေအတွက် သူဖန်တီးပေးနေတဲ့ ဂေဟာလေးက ပြီးစီးတော့မှာဖြစ်တဲ့ သတင်းလေးပဲဖြစ်ပါတယ်။
ကလေးတွေအတွက်ဆောက်လုပ်နေတဲ့ ဂေဟာလေးကတည်ဆောက်မှုကကြွေပြားတွေကပ်နေပြီး ပြီးစီးလူနီးပါးဖြစ်နေပါပြီတဲ့။ ဂေဟာလေးပြီးစီးသွားရင် အနည်းဆုံးကလေး အယောက် (၁၀၀)လောက်ထားရှိနိုင်တော့မှာဖြစ်တဲ့အတွက် ကလေးတွေတွေးပြီး
သူကိုယ်တိုင်ကြည်နူးပီတိဖြစ်နေပြီး အလှူရှင်တွေလည်း ပီတိဖြစ်နေဖို့ မျှဝေလာခဲ့တာပါ။ ခိုင်နှင်းဝေကတော့ နောက်ထပ်လည်း ကလေးတွေအတွက် ခိုနားရာနေရာလေးတွေ ထပ်မံဖန်တီးပေးသွားဦးမှာပါတဲ့။
ခိုင်နှင်းဝေက သူတတ်နိုင်သလောက် အသက်ရှင်နေသမျှကာလပတ်လုံး ကုသိုလ်မှတ်တိုင်တွေရသလောက် စိုက်ထူသွားဖို့လည်း ကြိုးစားနေမှာပါလို့လည်း သူ့ရဲ့စိတ်ကူးလေးကိုမျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်လေးကတော့ သာဓုခေါ်ပြီးရင်းကိုခေါ်နေထိုက်တဲ့ စိတ်ထားလေးပါပဲနော်။
CRD:mdatenews
mdatenews