အဆိုတော် မနောက သူရဲ့မိတ်ဆွေရင်းချာတွေ သေဆုံးသွားကြတဲ့အတွက် မိမိအတွက် အသေမဦးခင် သတိဦးအောင် ဘုန်းကြီးဝတ် ကုသိုလ်ယူ ခဲ့ပါတယ်။
” အို နာ သေ ဘေးပြေးမလွတ် ဘယ်လိုပင်ချမ်းသာပါစေ မလွတ်နိုင် ဆင်းရဲလည်းမလွတ်ဘူးပေါ့ ။မိတ်ဆွေအရင်းချာတွေ သေဆုံးတာကြားသိရပြီးသံဝေဂ ရမိတယ် သူတို့ဘာမှမပြင်ဆင်ခဲ့ရပဲ ရုတ်တရက် သေဆုံးခဲ့ရပြီ ။ကျနော်တို့တွေလည်း ဘယ်နေ့ ဘယ်မှာ ဘယ်လိုသေကြရမလဲဆိုတာကြိုတင်မသိနိုင်
ကြဘူးပေါ့ဗျာ ။ဒါကြောင့် အသေမဦးခင် သတိ ဦးထားသင့်တယ်ပေါ့ ဘဝမှာ အောင်မြင်ဖို့ တိုးတက်ဖို့တွေပဲကြံစ နေလို့မဖြစ်ဘူး မိမိဘဝနောင်သံသရာအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ် ။ငယ်သေးလို့မပြင်ဆင်ထားလျှင် သေခါနီးမှ ကောင်းတဲ့အတွေးတွေကုသိုလ်စိတ်တွေမွေးမြူဖို့မဖြစ်နိုင်တော့ဘူးပေါ့ ငယ်တုန်းရသလောက်
ကုသိုလ်တွေများများစုထားမှ သေခါနီးမှာ
ကောင်းသောနိမိတ်တွေပေါ်လာမယ်ပေါ့ခင်ဗျာ ။
ဒါကြောင့် ဒါန သီလ ဘာဝနာ အားလုံးဟာ
နိဗ္ဗာန်အထောက်အပံ့တွေဖြစ်လို့ မိမိပြုနိုင်သည့်
ကုသိုလ်ကို နေ့စဉ်မပြတ်တမ်း ပြုနိုင်ကြပါစေလို့ဆုခြွေတောင်းရင်း ကျွန်တော် မနော ပြုခဲ့သမျှ ကုသိုလ်အားလုံး တေးချစ်သူများ နှင့် (၇)ရက်သား သမီးများ ထပ်တူရပါစေခင်ဗျာ ” လို့ မနောကလူမှုကွန်ယက် မှာ ရေးသားထားခဲ့ပါတယ်။
CRD:36Myanmarmdatenews
mdatenews