စျေးကြီးပေးပြီးဝယ်လာတဲ့အောက်ဆီဂျင်အိုးကို မသင်္ကာလို့ဖောက်ကြည့်လိုက်ချိန်မှာ ရေနဲ့သံချေးတွေသာထွက်လာ

 

ကိုဗစ်ရောဂါအခြေအနေကတော့ တစ်နေ့ထက်တစ်နေ့ အခြေအနေပိုဆိုးနေတာကြောင့် ပြည်သူလူထုလည်း

 

အိမ်ထဲကအိမ်ပြင် သိပ်မထွက်ဘဲ ကာကွယ်နေကြရတာဖြစ်ပါတယ်။တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံရလို့

 

 

အခက်အခဲဖြစ်နေတဲ့အိမ်တွေကိုလည်း ရပ်ကွက်နေပြည်သူတွေက

 

ဆေးနဲ့စားစရာတွေ ပို့ဆောင်ပေးကြတာဖြစ်ပါတယ်။

 

လတ်တလောမှာတော့ အောက်ဆီဂျင်ကိုလည်း ကိုဗစ်လူနာတွေအတွက်

 

မရမကရှာဖွေဝယ်ယူနေရတဲ့အခြေအနေပဲဖြစ်ပါတယ်။

 

အောက်ဆီဂျင်ပေးတဲ့နေရာမှာလည်း ပြည်သူတွေအများအပြားက တန်းစီပြီး စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

 

တချို့စီးပွါးရေးသမားတွေကလည်း ဒီကာလမှာတောင် အောက်ဆီဂျင်စျေးနှုန်းကို

 

အဆမတန်မြှင့်တက်ပြီးရောင်းချနေတာကို ကြားသိရပါတယ်။

 

အခုဆိုရင်တော့ ပြည်သူတစ်ဦးက ကိုဗစ်လူနာအတွက် အောက်ဆီဂျင်အိုးကို လေးသိန်းခွဲပေးဝယ်လာပြီး

မသင်္ကာလို့ ဖောက်စစ်ကြည့်လိုက်တဲ့အခါ ရေနဲ့သံချေးတွေသာထွက်လာတာကိုတွေ့ရပါတယ်။

 

ကိုဗစ်လူနာက အောက်ဆီဂျင်တစ်နာရီလောက်ပဲ ရှူရပြီး ကုန်သွားတာကြောင့် ဖောက်စစ်ကြည့်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီပြည်သူကတော့ အောက်ဆီဂျင်အိုးကို စက်ရုံတစ်ရုံက ဝယ်လာခဲ့တာဖြစ်ပါတယ်။ဒီလိုအောက်ဆီဂျင်မျိုးတွေကို

 

 

လူနာရှူမိခဲ့လို့ သေဆုံးသွားခဲ့ရင် dead body က နှုတ်ခမ်းတွေပြာ၊အသားတွေပြာပြီး အဆုတ်ကွဲတယ်လို့ သိရပါတယ်။

 

ဒါ့ကြောင့် တချို့စီးပွါးရေးသမားတွေရဲ့ လုပ်ရပ်ကို သတိထားရအောင်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပြည်သူက

 

ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ် တင်ပေးလာတာဖြစ်ပါတယ်။

 

Source&Video Credit: Original Uplodermdatenews

mdatenews