ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို နှစ်အတော်ကြာ ပိုင်ဆိုင်ရယူထားတဲ့ လူရွှင်တော် ဦးမေတ္တာကတော့ မကြာခင်က ကိုဗစ်ရောဂါနဲ့ ကွယ်လွန်းသွားတာဖြစ်ပါတယ်။မကွယ်လွန်ခင် ရောဂါဒဏ်ကို အတော်လေး ခံစားသွားရတာကိုလည်း စိတ်မကောင်းစွာ တွေ့ရပါတယ်။
အောက်ဆီဂျင်တွေ ထိုးကျကာ ရုတ်တရက် ကွယ်လွန်သွားတာကြောင့် ပရ်သတ်တွေရော ချစ်ခင်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကပါ မိသားစုတွေနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကလည်း ဦးမေတ္တာအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးလျက်ရှိတာ ဒီကနေ့အထိပါပဲ ။
အခုလည်း သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက ဖခင်အတွက် ရည်စူးပြီး သက်ကြီး လူရွှင်တော်များကို စားနပ်ရိက္ခာနဲ့ အသုံးအဆောင်၊ ဆေးဝါးများ လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် အလှူပုံရိပ်တွေကို ဝေမျှပေးရင်း ဦးမေတ္တာလည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။
CRD– Cele Zonemdatenews
mdatenews