ပရိသတ်တွေ အချစ်တော် အိန္ဒြာကျော်ဇင် ကတော့ ရုတ်တရက် ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့တာကို လေးစားစွာတွေ့ရပါတယ် ။ ဒါ့ကြောင့်လည်း ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံရပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတာလည်းဖြစ်ပါတယ် ။
အချိန်ကြာစွာ ဒီနေ့အထိ ဖမ်းဆီး ခံထားရတဲ့ သူမနဲ့ ပတ်သက်ပြီး ပရိသတ်တွေအားလုံးကလည်း စိတ်မကောင်းဖြစ်နေကြသလို တစ်ရက်မှမမေ့ဘဲ ခုချိန်အထိ ချစ်ခင်နေကြဆဲပါ ။ အူဝဲအမြန်လွတ်မြောက်လာမယ့် သတင်းကောင်းကိုလည်း အချိန်တိုင်း စောင့်မျှော်နေကြတာပါ ။
ဒီနေ့မှာတော့အူဝဲနဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ အူဝဲနေမကောင်းဖြစ်ကာ ထောင်ထဲမှာ ကွန်လွန်သွားပြီဆိုတဲ့ သတင်း အမှားတွေပဲဖြစ်ပါတယ် ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက သူရဲ့ အကောင့်ကနေ ” အူဝဲ ဘာမှမဖြစ်ပါဘူး။
မဟုတ်တာတွေမပြောပါနဲ့ ” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ ပရိသတ်ကြီး အနေနဲ့ အူဝဲရဲ့ သတင်းအမှားတွေကို မယုံကြည်ဖို့ တိုက်တွန်းလိုက်ပါရစေ ။
CRD – Cele Zonemdatenews
mdatenews