ပရိတ်သတ်ကြီးရေ….အဆိုတော်အာဘွိုင်းနဲ့မော်ဒယ်သရုပ်ဆောင်မြတ်ရတနာကျော်တို့ကတော့ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင်အနုပညာလောကရဲ့နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရရှိနေကြတာပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခံထားရတဲ့အပြင် အနုပညာညီကိုမောင်နှမတွေကပါချစ်ခင်ကြတာတွေ့ရပါတယ်။
အာဘွိုင်းကလည်း ချစ်ဇနီးချောလေးအတွက်ခင်ပွန်းကောင်းအဖြစ်ဘေးမှာမားမားမတ်မတ်ရပ်တည်ပေးပြီးလက်တွဲခိုင်မြဲကြတာကိုလည်းတွေ့ရပါတယ်။အာဘွိုင်းကတော့ လက်ရှိမှာပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားရပြီး
ချစ်စရာသမီးချောလေးတစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာတွေ့ရပါတယ်။Scarlettလေးဟာလည်းမျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းလေးနဲ့ဖြူဖွေးဝင်းဥနေပြီးဘာဘီရုပ်မလေးလိုအရမ်းအသည်းယားစရာကောင်းတဲ့ကလေလေးပဲဖြစ်ပါတယ်နော်။
ဘယ်အချိန်ပဲကြည့်ကြည့်ပျော်စရာကောင်းလွန်းတဲ့ အာဘွိုင်းတို့မိသားစုသုံးယောက်ရဲ့ ပုံလေးတွေဟာ ကြည့်လိုက်တိုင်းမှာ ထပ်တူပျော်ရွှင်တဲ့ခံစားချက်ကိုရစေပါတယ်။ဒီကနေ့မှာဆိုရင်လည်း အာဘွိုင်းကမကြာခင်မှာ ဒုတိယရင်သေွးလေးဖြစ်တဲ့ သားသားလေးကိုမွေးဖွားရတော့မယ့်
ချစ်ဇနီးလေးနဲ့မိသားစုအမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးပြီး ပရိတ်သတ်ကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။အာဘွိုင်းတို့ မိသားစုရဲ့ချစ်စရာပုံရိပ်လေးတွေကို အခုလိုပဲကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးအားအထူးပဲကျေးဇူးတင်ရှိပါတယ်။
Credit; Celebrity Platformsmdatenews
mdatenews