လက်ရှိမှာကောလဟာတွေထွက်ပေါ်နေတဲ့ ကောင်းထက်ဇော်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ
ပရိတ်သက်ကြီးရေ တီဗီဖန်သားပြင်ပေါ်မှာ နေစဉ်နဲ့အမျှ အစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့
အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ဟာဆိုရင် လက်ရှိမှာ ကိုဗစ်ရောဂါပိုးကူးဆက်ခံခဲ့ရပါတယ်။
အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေဟာ
သတိရ စကားပြောနိုင်နေပြီဖြစ်ပြီး၊ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေ ဖြစ်ကြောင်း သိရပါတယ်။
“ကောင်းကြီးရဲ့လက်ရှိ အခြေအနေပါ။ သတိရ စကား ပြောနိုင်နေပါပြီ။ အားလုံး စိတ်ဒုက္ခရောက်နေကြတဲ့
ဒီအချိန်မှာ မသေချာဘဲနဲ့ လျှောက်မတင်၊ မ share ကြသင့်ပါဘူး”လို့ ကောင်းထက်ဇော်ရဲ့ မိတ်ဆွေ ကိုဖိုးနီက ဆိုပါတယ်။
ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး အခြေအနေဟာ မနက်ဖြန် စင်တာကနေ ဆေးရုံသို့ ရွှေ့ရမှာဖြစ်ပြီး၊
အဆုတ်ကို ဆက်လက် ကုသရမယ်လို့ သိရပါတယ်။ တင်ဆက်သူ ကောင်းထက်ဇော်ဟာ
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အဆုတ်ရောင် ရောဂါကြောင့် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။
ဓာတၸဳံ – Pho Ni’s Facebook
Credit: စွယ်စံသတင်းစုံmdatenews
mdatenews